တိုက်ဆိုင်မှုရှိမှ မဟုတ်ဘူး ...
တစ်ခုခုဆိုလေ
အရင်ဆုံး
မင်း မျက်နှာလေးကို
ပြေးမြင်မိတဲ့ ရက်တွေမှ အများကြီးပဲ
သေရာပါသွားမယ့်
တက်တူးလိုပါပဲ
မင်းက ...
နှလုံးသွေးနဲ့ ရင်းပြီး
နင့်နေအောင် ချစ်ခဲ့ရတဲ့သူမို့
ဘယ်ခုနှစ်မှာပဲ ဖြစ်ဖြစ်
မင်းမျက်ခုံး
မင်းမျက်လုံး
မင်းအပြုံးတွေနဲ့
နောက်ဆုံး မဆုံခဲ့ခြင်းတွေကို
တယုတယနဲ့
မှတ်မိနေဦးမှာပါ ..