ကြားသုံးကြား
မဝင်ကောင်းဘူး !
ကိုယ့်ဘက်က
စာနာလို့ပဲ ဖြစ်ဖြစ်
ကူညီပေးလိုက်ပေမယ့်
လူတိုင်းက
စေတနာလို့ ထင်ချင်မှ ထင်တာလေ
ကျေးဇူးတင်ချင်မှလဲ တင်တတ်ကြတာ
ကံမကောင်းရင် သူတို့ဇာတ်လမ်းမှာ ကိုယ်က
လူယုတ်မာကြီး ဖြစ်ချင်ဖြစ်သွားတတ်တာလေ။
ပထမတစ်ခုက
သူတစ်ပါးမိသားစုကြား ဝင်မပါနဲ့
ကိုယ်ဆိုတာ သူစိမ်းလေ
မိသားစုဆိုတာ ဘယ်လောက် သတ်သတ်
တစ်နေ့ကျရင် ပြန်ပြီး အဆင်ပြေသွားမယ့်
အမျိုးလေ။
သွေးပူတုန်းခဏမှာ
ကိုယ့်ဆီကို လာပြီး ရင်ဖွင့်ကြလိမ့်မယ်
ကူညီပါလို့ ပြောကြလိမ့်မယ်။
ချစ်သူ ရည်းစား လင်မယားတွေလဲ
ထိုနည်းလည်းကောင်းပါပဲ
ကိုယ်က
ကိုယ့်သူငယ်ချင်း
ကိုယ့်မိတ်ဆွေဘက်က
မခံမရပ်နိုင် ဘယ်လောက်ပဲဖြစ်ဖြစ်ပါ
သူတို့က
ကိုယ်တွေပတ်သက်တဲ့
ဆက်ဆံရေးတွေထက် ပိုပြီး နီးကြတယ်။
သိတိုင်းတတ်တိုင်း
ကြားမဝင်ကောင်းဘူး
စေတနာဆိုတာ လူတိုင်းမမြင်တတ်ကြဘူးလေ
လူအနည်းစုလောက်ကပဲ
ငါ့အတွက် ပြောနေတာပါလို့ နားလည်
တတ်ကြတာ။
လူအများကတော့
ကိုယ်ပြောခဲ့တဲ့စကားကို
နှစ်ယောက်သားပြန်အဆင်ပြေသွားတဲ့အခါ
အပြန်အလှန်ပြောကြရင်း ဟားတိုက်
နေကြလိမ့်မယ်။ အရူးလုပ်မခံနဲ့။
လူမိုက်လုပ်ပြီး ဘယ်လောက်ပဲ
ရှေ့က ကာဆီးပြီးရပ်ရပ်ပါ
မပြတ်တဲ့ကြိုးက
ဘယ်တော့မှ ပြတ်မှာမဟုတ်သလို…
ကိုယ်မခံမရပ်နိုင်ဖြစ်နေရုံနဲ့ တစ်ဖက်ကလဲ
ကိုယ့်နဲ့ စိတ်တူ ကိုယ်တူ ဖြစ်လိမ့်မယ်လို့
မထင်ပါနဲ့။
အမြင်မတော်ပေမယ့်လဲ
နေရာတကာ ဝင်ပါလို့မရတဲ့နေရာတွေမှ
အများကြီးရှိနေပါသေးတယ်။
ကိုယ်က သူ့အတွက် မကျေမနပ်ဖြစ်နေပေမယ့်
သူကိုယ်တိုင်က ပျော်နေတဲ့ဘဝတွေလဲ
အများကြီးရှိတယ်။
သံယောဇဉ်ဆိုတာ
ရှေ့တန်းအရမ်းမတင်နဲ့!!
သူငယ်ချင်းသံယောဇဉ်ဆိုတာ
ချစ်သူရည်းစားနဲ့ ယှဉ်လာတဲ့အခါ
လင်မယားတွေနဲ့ ယှဉ်လာတဲ့အခါ
ညီအစ်ကို မောင်နှမ
သားအမိ သားအဖတွေနဲ့
ယှဉ်လာတဲ့အခါ ဘာမှ မဟုတ်တော့ဘူး။
အမြင်မတော်ပေမယ့်လဲ
ကြားသုံးကြားဆိုတာ မဝင်ကောင်းဘူး
ဘာကြောင့်ဆို
ပဲကြီးလှော်ကြား ဆားညှပ်သလို
ကိုယ်ပဲ မကောင်းဖြစ်တတ်တယ်။
မောလိုက်တာ....
ဒါပါဘဲနော်
ကျေးဇူးတင်ပါတယ်။😊
