♨️ ဝက်နံရိုးမျှစ်ချဥ်နဲ့ နောက်လိုက် ငပိထောင်းစပ်စပ်လေး ♨️
🔶 ဝက်နံရိုးကို ဆား၊ အချိုမှုန့်၊ နနွင်းနဲ့နယ်ထားပါ။
မျှစ်ချဥ်ကိုရေတစ်ထပ်ဆေးပြီး အနေတော်တုံးကာ ဆား၊ အချိုမှုန့်နယ်ထားပါ။
🔶 ကြက်သွန်ဖြူ/နီ/ဂျင်းထဲသို့ နနွင်းမှုန့်ထည့်ကာ ဆီသတ်ပါ။ ကြက်သွန်ရဲလာရင် အရောင်တင်မှုန့်၊ ဆား၊ အချိုမှုန့်၊ ဝက်နံရိုးတွေထည့်ပြီး ဆီပြန်အောင်လုံးပါ။ ဆီပြန်ရင် မျှစ်ချဥ်၊ ခရမ်းချဥ်သီး၊ ငပိစိမ်းသားအနည်းငယ်ရေဖျော်ထည့်ကာ ခဏမွှေပေးပါ။
ပြီးလျှင်ရေထည့်ကာ ဝက်နံရိုးနူးသည်အထိတည်ပြီး အကုန်နူးပြီဆိုပါက သုံးဆောင်နိုင်ပါပြီ။
🔶ငပိထောင်းစပ်စပ်လေးထောင်းရန်အတွက်
ငရုပ်သီးစိမ်းကိုလှော်ပြီးထောင်းထားပါ။ ငရုပ်သီးညက်လျှင် ကြက်သွန်ဖြူ၊ မီးကင်ထားသောငပိ၊ ပုဇွန်ခြောက်၊ ဆား၊ အချိုမှုန့်ထည့်ထောင်းကာ သုံးဆောင်နိုင်ပါပြီ။
