Fog of War (2025)
ဂျာမန်နဲ့အမေရိကန်တို စစ်ဖြစ်နေစဉ်ကာလက ကြေကွဲစရာအချစ်ဇာတ်လမ်းလေးတစ်ကို စိတ်ကူးယဉ်ပုံဖော်တင်ဆက်ထားတဲ့ဇာတ်ကားကောင်းလေးတစ်ကားကိုတင်ဆက်ပေးလိုက်ပါတယ်။ဇာတ်ကားနာမည်ကတော့ Fog Of War ဖြစ်ပြီး
လက်ရှိ IMDb Rating 5.3 အထိရရှိထားပါတယ်။သရုပ်ဆောင်တွေအနေနဲ့ နာမည်ကြီး Supernatural Seriesထဲမှာ Michael အဖြစ်သရုပ်ဆောင်ခဲ့တဲ့ Jake Abel တိုDeadpool ထဲကမီးကောင်မလိုလူသိများကြတဲ့ BriannaHildebrand ကိုဒီဇာတ်ကားထဲမှာ ရှေးခေတ်ပုံစံလှလှပပတွေ့ရမှာဖြစ်ပြီး တခြားသော နာမည်ကြီးသရုပ်ဆောင်များလည်း ပါဝင်သရုပ်ဆောင်ထားပါသေးတယ်။ဇာတ်လမ်းအစကတော့ ဂျင်းဆိုတဲ့ အမေရိကန်တိုက်လေယာဉ်မှူးဂျာမန်တွေလက်ချက်ကြောင့် လေယာဉ်ပျက်ကျပြီး ဒဏ်ရာရခဲ့ရာကနေစတာပါပဲ။ဂျင်းက ဂျာမန်တွေကိုတိုက်ထုတ်ရာမှာထူးချွန်ခဲ့တဲ့တပ်သားတစ်ယောက်ဖြစ်တဲ့အတွက် သူ့ကိုဆုချဖိုအတွက် သူ့ရဲ့ဇနီးလောင်းဖြစ်သူ OSS အေးဂျင့် ပန်နီတိုကိုခွင့်ပေးပြီး ပန်နီ့ဦးလေးနဲ့အဒေါ်တိုဆီကိုသွားလည်ခွင့်ပေးခဲ့ပါတော့တယ်။ဒါပေမယ့် ဒီခရီးစဉ်ရဲ့နောက်ကွယ်မှာတော့ဂျင်းအတွက်စစ်ဆင်ရေးတစ်ခုရှိနေခဲ့ပါတယ်။အဲ့ဒါကတော့သူတိုရဲ့ကျူးကျော်တိုက်ခိုက်မဲ့ အချက်အလက်တွေပေါက်ကြားခဲ့ပြီး ပေါက်ကြားခဲ့တဲ့နေရာက သူတိုသွားမဲ့နေရာအနီးအနားမှာဖြစ်နေတဲ့အတွက် ဂျင်းကိုစုံစမ်းစစ်ဆေးခိုင်းဖိုအကြံနဲ့လွှတ်လိုက်တာဖြစ်ပါတယ်။ဒီလိုနဲ့ ဂျင်းနဲ့ပန်နီတိုအဲ့ဒီကိုရောက်ခဲ့ကြပြီး ဒီပေါက်ကြားမှုကြီးရဲ့နောက်ကွယ်က တရားခံအစစ်အမှန်ကို ဂျင်းတစ်ယောက်ရှာဖွေဖော်ထုတ်သွားနိုင်ပါ့မလားဆိုတာကို စစ်ပွဲကာလဇာတ်ကားဆိုပေမဲ့ ဒရာမာဆန်ဆန်စိတ်ဝင်စားစရာကောင်းအောင်ရိုက်ကူးထားတဲ့ ဇာတ်ကားလေးပဲဖြစ်ပါတယ်။
Movie ကြည့်ရန် Link ⤵️⤵️
https://t.me/chillrosiemv/995
Channel အရင်joinရန် Link ⤵️⤵️
https://t.me/chillrosiemv
