ယခုနှစ်အတွင်း တရုတ်သို့ ကြံတန်ချိန် တစ်သိန်းခွဲကျော် တင်ပို့ထား
ရန်ကုန်
ယခုနှစ်မှာ နယ်စပ်လမ်းကြောင်းကတစ်ဆင့် တရုတ်နိုင်ငံကို ကြံတန်ချိန် တစ်သိန်းခွဲကျော် တင်ပို့ထားကြောင်း ဝမ်တိန်နယ်စပ်စစ်ဆေးရေးစခန်း၊ ဟွန်ဘန်စခန်းခွဲရဲ့ စာရင်းတွေအရ သိရပါတယ်။
ကြံရာသီ ပို့ဆောင်ရေးအများဆုံးအချိန်မှာ ဟွန်ဘန်စခန်းခွဲမှ “နယ်စပ်စစ်ဆေးရေးလမ်းညွှန်သူ” ဝန်ဆောင်မှုစနစ်ကို တီထွင်ဆောင်ရွက်ခဲ့ပြီး အကောက်ခွန်ရှင်းလင်းရေး ထိရောက်မှုကို ၃၀ ရာခိုင်နှုန်း မြှင့်တင်စေခဲ့ကြောင်း ဆိုပါတယ်။
နယ်စပ်စစ်ရေးစခန်းမှ “စိုက်ပျိုးထုတ်ကုန်အထူးလမ်းကြောင်း” ဖွင့်လှစ်ခြင်း၊ “တစ်ပတ် ၇ ရက် ၂၄ နာရီ” ကြိုတင်ချိန်းဆို အကောက်ခွန်ရှင်းလင်းရေးစနစ်တွေ ကျင့်သုံးခြင်းကြောင်း နေ့စဉ် ကြံတန်ချိန် ၅၀၀ ကျော်ကို မြန်မြန်ဆန်ဆန် တင်သွင်းနိုင်ဖို့ သေချာစေခဲ့တယ်လို့ ပြောကြားထားပါတယ်။
