6 w - Translate

ရေခဲသေတ္တာ SAVE GARD အပူလွန်ကဲရာမှ မီးလောင်မှုဖြစ်ပွား
********************************
(မှုခင်း) မေလ ၂၂
မန္တလေးတိုင်းဒေသကြီး ၊ ကျောက်ဆည်မြို့၊ ဘောဂဝတီရပ်ကွက်၌ ယနေ့နံနက် ၁ နာရီ ၅၀ မိနစ်အချိန်ခန့်က မီးလောင်မှုဖြစ်ပွားကြောင်း မီးသတ်တပ်ဖွဲ့ဝင်များထံမှ သိရသည်။မိးလောင်သည့်နေရာသို့ မီးသတ်တပ်ဖွဲ့ဝင်များမှ သွားရောက်ငြှိမ်းသတ်ခဲ့ရာ နံနက် ၂ နာရီ ၁၅ မိနစ်အချိန်ခန့်တွင် မီးညွန့်ကျိုးသွားခဲ့ပြီး နံနက် ၂ နာရီ ၂၅ မိနစ်အချိန်ခန့်တွင် မီးငြိမ်းသွားခဲ့ကြောင်း သိရသည်။မီးလောင်မှုဖြစ်စဉ်မှာ ဒေါ်တင်အောင်၊ ၉၃ နှစ်၊ (ဘ)ဦးဘသာ၊ ဘောဂဝတီရပ်ကွက်၊ ကျောက်ဆည်မြို့နေသူ၏ နေအိမ် ၂၇×၂၇ ပေ၊ သွပ်မိုး၊ အုပ်ညှပ်၊ နှစ်ထပ်အိမ်၊ အောက်ထပ်တွင် ရေခဲသေတ္တာ SAVE GARD မှ အပူလွန်ကဲပြီး မီးစတင်လောင်ကျွမ်းခဲ့ခြင်းဖြစ်ပြီး၊ အဆိုပါ မီးလောင်မှုကြောင့် ကျောက်ဆည်မြို့၊ ဘောဂဝတီရပ်ကွက်တွင် နေထိုင်သူများဖြစ်သည့် ဒေါ်တင်အောင်၊၉၃ နှစ်၊ (ဘ)ဦးဘသာ၊ ဒေါ်ထွေးထွေး၊ ၇၅ နှစ်၊ (ဘ)ဦးဘသာ၊ အထက်တန်းပြ(ငြိမ်း)၊ ဒေါ်နွယ်နွယ်ဦး၊ ၆၆ နှစ်၊ (ဘ)ဦးပျော့၊ မြို့နယ်ပညာရေးမှုး(ငြိမ်း)နှင့် ဒေါ်ခင်သူဇာ၊ ၅၈ နှစ်၊ (ဘ)ဦးပျော့၊ အမကကျောင်းအုပ်၊ (သပြေကုန်းကျေးရွာ)တို့ သေဆုံးခဲ့ကြောင်း၊ မီးလောင်မှုကြောင့် နေအိမ်တစ်လုံး မီးလောင်ဆုံးရှုံးခဲ့ကြောင်း သိရသည်။

image