6 w - Translate

သမိုင်းမှန်
==================

- အောင်ဆန်း - အက်တလီစာချုပ်အရ
ကြွေး ရွှေဒင်္ဂါး သန်း ၁၄၀၊

-  လင်္ကျာ - ဖရီးမင်း စာချုပ်အရ ပေါင်သန်း ၂၉၀ နှင့် ပေါင် ၁၆၀၀၀၀၊

- နု - အက်တလီစာချုပ်အရ ဗြိတိသျှအမှုထမ်းများအတွက် ပင်စင် တနှစ်လျှင် ပေါင် ၁၅ သန်းနှုန်းဖြင့် နှစ် ၃၀ အတွက် ပေါင် ၄၅၀ သန်း တို အကြွေးတင်ခဲ့ရပါတယ် ။

      
              လွတ်လပ်ရေးရပြီးစမှာပဲ ပြည်တွင်းစစ်ကြောင့် ဆင်းရဲသွားပြီး 1949 ဖေဖေါ်ဝါရီမှာ နိုင်ငံဝန်ထမ်းများရဲ့ လစာကို 15 % မှ 30 % အထိ လျော့ချခဲ့လို အမှုထမ်းသပိတ်ကြီး ဖြစ်ခဲ့ရပါတယ် ။ ချမ်းသာရင် လစာ လျှော့မှာ မဟုတ်တာ သေချာပါတယ် ။

                အဖွံဖြိုးဆုံးပါလို ပြောခဲ့ပေမယ့် 1962 ခုနှစ်ထိအောင် သံမဏိစက်ရုံ သကြားစက် ဘိလပ်မြေစက် ပန်းကန်စက် ဂုန်နီအိတ်စက်ရုံ အစရှိတဲ့ စက်ရုံ (1 ပဲ ရှိပါသေးတယ် ။

    
              ကုမ္ပဏီပေါင်း 2520 မှာ အကြီးမားဆုံး ကုမ္ပဏီ 380 ကို နိုင်ငံခြားသားတွေ ပိုင်ပါတယ် ။ မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ်မှာ ကုလားတွေချည်းပဲ ။  လူသုံးကုန် 90% လောက် ပြည်ပက သွင်းကုန်အဖြစ် ပြန်ဝယ်ရပါတယ် ။

           1953 မှာ ကိုရီးယားစစ်ဖြစ်လို ဆန်စျေးတက်ပြီး အရံငွေ 1260.87 သန်းထိ စုလာနိုင်ပါတယ် ။ ဦးနုရဲ့ ချီးကျူးစရာကောင်းတာက အရံငွေလည်း ရှိလာရော ပြည်တော်သာ စီမံကိန်းဆိုပြီး 7500 သန်း ကုန်မယ့် ပြည်သူ့အကျိုးပြု စီမံကိန်း ထလုပ်ရဲတာကို တွေ့ရပါတယ် ။

        
             ဒါပေမယ့် 1955 မှာ ဆန်စျေးပြန်ကျပြီး အရံငွေ 360 သန်းပဲ ကျန်ပါတော့တယ် ။ 1957-58 ဘဏ္ဍနှစ်မှာ ပြည်ပကြွေး US $ 930 သန်း တင်နေပါပြီ ။ ဦးနုအစိုးရရဲ့ ပြည်တော်သာစီမံကိန်း ချေးငွေ ပေါင် သန်း ၃၈၀၊ အာရှဖွံဖြိုးရေးဘဏ်မှ ချေးငွေဒေါ်လာ၂၃၅ သန်း ။  


              အဲဒီထဲက အင်္ဂလန်ကို ပေးရမယ့် လျှော်ကြေးကြွေးတွေကို ၁၉၅၂ မှ နှစ် ၂၀ အတွင်း အကြေအပြေပေးအပ်ရန်လို ဆိုထားတဲ့အတွက် ၁၉၇၂ မှာ အချိန်စေ့ရောက်ခဲ့ပါတယ် ။

   
                     သိုသော် အိမ်စောင့်အစိုးရကာလ(၁၉၅၈-၁၉၆၀) ၂ နှစ်၊ တော်လှန်ရေးကောင်စီကာလ (၁၉၆၂-၁၉၇၄) ကာလ ၁၂ နှစ်၊ ပေါင်း ၁၄ နှစ်ကို ကာလလျော့ သတ်မှတ်လိုက်တဲ့အတွက် ၁၉၈၆ မှာ အချိန်စေ့ရောက်ခဲ့ပါတယ် ။

   
              ဒီအချိန်သည် လမ်းစဉ်ပါတီအစိုးရလက်ထက်ဖြစ်ပါတယ် ။ ဦးနေဝင်း အနေဖြင့်....

-  မိမိတို မြန်မာအမျိုးသားအစိုးရ၏ အသုံးစရိတ်များ မဟုတ်ခြင်း ၊

-  စစ်ဖက်အဆောက်အအုံများမှာ မြန်မာ့မြေပေါ်တွင် တည်ရှိခြင်း ၊

- ဗြိတိသျှစစ်ဖက်ဝန်ထမ်းများကို မြန်မာအစိုးရမှ ပင်စင်ထောက်ပံ့ကြေးပေးရန် အကြောင်းမဆီလျော်ခြင်းတိုကြောင့် ၁၉၈၅ မှာ ကနဦးခြေလှမ်း စတာလင်ပေါင်ငွေကြေးနိုင်ငံများ အဖွဲမှ နှုတ်ထွက်ခဲ့ပါတယ် ။

  
             အင်္ဂလန်ရဲ့ ကြွေးတွေ ပြန်မဆပ်ရဖို အဲဒီအချိန်က တခုတည်းသော နည်းလမ်းအဖြစ် ဖွံဖြိုးမှုအနည်းဆုံးနိုင်ငံ(LDC) စာရင်းဝင်ဖို ဆောင်ရွက်ခဲ့ကြပါတယ် ။ စာတတ်မြောက်နှုး 90 % ကျော်နေလို မနည်းအကြံအဖန်လုပ်ခဲ့ကြရပါသေးတယ် ။

  
                ထိုစဥ်ကာလများမှာ မချမ်းသာသော်လည်း ငတ်မွတ်ခေါင်းပါးသူ မရှိသလောက် စား ဝတ် နေရေး အဆင်ပြေနေဆဲပါပဲ ။ ဟုတ်မဟုတ်ကတော့ ၅၀ ပတ်ချာလည်တွေ အသိဆုံးပါပဲ ။

   
          သူတပါးတိုင်းပြည်ကနေ ဆန် ၊ ဆီ ၊ ဆား ၊ ဂျုံ လာလှူမှ စားရတဲ့ အနေအထားမဖြစ်ခဲ့ပါဘူး ။ ဖခင်တယောက်လုပ်ရင် တမိသားစုလုံး စား ဝတ် နေရေး ကျန်းမာရေး ၊ ပညာရေး အစ ထိုက်သင့်သလောက် လုံလောက်နေတဲ့ ကာလများ ဖြစ်ပါတယ် ။

            ဘယ်တုန်းကမှ မချမ်းသာခဲ့တဲ့ တိုင်းပြည် မဟုတ်တာ သမိုင်းတလျှောက်လုံးပါပဲ ။ ဖော်ပြပါ စာချုပ်တွေ ကိန်း ဂဏန်းတွေဟာ လျှိဝှက်ချက်တွေ မဟုတ်ပါဘူး ။ လေ့လာနိုင်ရင် သိနိုင်တဲ့ အချက်အလက်တွေချည်းပါပဲ ။

Crd: ကိုရွှေမျိုးဝင်း