6 w - Translate

#ပြည်တွင်းသတင်း
◼ လိုင်စင်မဲ့ကားနှင့် မော်တော်ဆိုင်ကယ်များကို ဖော်ထုတ်အရေးယူရမည်ဟု နစကဥက္ကဋ္ဌပြော
လိုင်စင်မဲ့ကားနှင့် မော်တော်ဆိုင်ကယ်စီးနင်းမှုများကို တိုင်းနှင့်ပြည်နယ်အလိုက်ဖော်ထုတ် အရေးယူမည်ဟု နစကဥက္ကဋ္ဌဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ယမန်နေ့(မေ ၂၀ ရက်) ကပြုလုပ်သည့် လုပ်ငန်းညှိနှိုင်းအစည်းအဝေးတွင်ပြောဆိုသည်။
"အဲဒီလိုစီးနင်းနေမှုတွေကြောင့် နိုင်ငံတော်အနေနဲ့ အခွန်အခတွေများစွာနစ်နာရသလို လုံခြုံရေးဆိုင်ရာ ကိစ္စတွေမှာလည်း အခက်အခဲတွေဖြစ်ပေါ်နိုင်မှာဖြစ်ပါတယ်။ ဒါ့ကြောင့် တိုင်းနဲ့ပြည်နယ်အလိုက် လိုင်စင်မဲ့မော်တော်ယာဉ်နဲ့ မော်တော်ဆိုင်ကယ်စီးနင်းမှုမရှိစေဖို့ ကြပ်မတ်ဆောင်ရွက်ကြရပါမယ်" ဟု ၎င်းကပြောသည်။
ထို့ပြင် နံပါတ်ပြားအတုပြုလုပ်ခြင်း၊ လိုင်စင်အတုပြုလုပ်ခြင်းများပါတွေ့ရှိရသဖြင့် တာဝန်ရှိသူများအနေဖြင့် ပါဝင်ပတ်သက်နေသူများအားလုံးကို စိစစ်ဖော်ထုတ်အရေးယူမည်ဟုဆိုသည်။
"ဒီကိစ္စမျိုးကအပြောလွယ်သလောက် တကယ့်လက်တွေ့မှာတော့မလွယ်လောက်ဘူး။ ဘာဖြစ်လို့လဲဆို ဒီလိုင်စင်မဲ့ကားတွေကိုတစ်ဖက်နိုင်ငံကနေ ဒီကိုရောက်အောင်ပို့တာ တစ်ဦးတစ်ယောက်ထဲကလုပ်တာမဟုတ်ဘူး။ အဖွဲ့နဲ့လုပ်နေတာ။ ဒီအဖွဲ့ကိုတားဖို့ဆိုတာလည်းမလွယ်ပါဘူး" ဟု ကားဝယ်ရောင်းလုပ်ကိုင်သူတစ်ဦးကပြောသည်။
ရန်ကုန်တိုင်းအတွင်း၌ လိုင်စင်မဲ့ကားများကို ၂၀၂၂ ခုနှစ်မှစတင်၍ ဖမ်းဆီးမှုများရှိခဲ့ပြီး ဒဂုံမြို့သစ် (တောင်ပိုင်း)နှင့် သန်လျင်မြို့နယ်တို့တွင် ဆိုင်ကယ်စီးနင်းခွင့်ကိုတားမြစ်ထားကြောင်း ယင်းမြို့နယ်ရှိ ဒေသခံများထံမှသိရသည်။
သတင်း - ပိုင်လေး

image