100W Charging နဲ့ ဂြိုဟ်တုစာပို့စနစ် သုံး Huawei Nova 14 Ultra ဖုန်း
periscope ကင်မရာသုံး Huawei flagship ဖုန်းပါ။
Huawei Pangu AI model ပေါ် တည်ဆောက်ထားတဲ့ OS နဲ့ လာပြီး DeepSeek AI ပါ ပေါင်းစည်းထားတဲ့ ဖုန်းပါ။ Huawei ဖုန်းတွေထဲမှာ Foldable မဟုတ်တဲ့ HarmonyOS 5 သုံး ပထမဆုံးဖုန်းဖြစ်ပြီး Magic Eraser ၊ AI Magic Cutout လိုမျိုး built-in editing စနစ်တွေ ပါလာပါတယ်။
Huawei Nova 14 Ultra မှာက ဘယ် chipset သုံးထားလဲ မပြောပါဘူး။ တန်းမြင့်ဖုန်းတစ်လုံးအတွက် performance မြင့် Kirin chipset သုံးမယ်လို့ မှန်းနိုင်ပါတယ်။ ကျန်တဲ့ Specs တွေကတော့ Ultra ဆန်တဲ့ specs တွေပါပဲ။
၆.၈၁ လက်မ 2860 x 1272p LTPO OLED panel နဲ့ လာပြီး 1-120Hz Refresh rate ၊ 5500 nit တောက်ပမှု သုံးထားပါတယ်။ ဘက်ထရီပိုင်းမှာ 5500mAh ကိုမှ 100W Huawei SuperCharge Turbo ထည့်ထားပြီး IP68/69 rating လည်း ပါပါတယ်။ ကင်မရာစနစ်က Nova 14 Ultra ရဲ့ အဓိက ပြောစရာအချက်ပါ။
ကျောဘက်မှာ OIS ပါ 50MP main sensor (variable aperture f/1.4-f/4. ၊ 3.7x optical zoom နဲ့ OIS ပါ 50MP periscope telephoto lens ၊ 13MP Ultra-Wide macro Lens နဲ့ 1.5MP multispectral color sensor ဆိုပြီး Quad-Camera System ထည့် သုံးထားပါတယ်။
Primary lens သုံးခုလုံး Huawei RYYB Color filter သုံးထားပြီး 100x digital zoom ရပါတယ်။ ရှေ့ဘက် ဆေးတောင့်ပုံ အလယ်အပေါ်တည့်တည့် cutout ထဲမှာ 50MP portrait lens နဲ့ 2x optical နဲ့ 5x digital zoom ပါ 8MP zoom portrait lens တို့နဲ့ လာပါတယ်။
Huawei Nova 14 Ultra က dual-band Wi-Fi 6E နဲ့ Wi-Fi 7 support နှစ်မျိုးလုံး support ပေးထားပြီး အရည်အသွေးမြင့်အသံစနစ်အတွက် LDAC နဲ့ L2HC audio codecs ပါ Bluetooth 5.2လည်း ထည့်ထားပါတယ်။ ဒီဖုန်းက BeiDou နဲ့ TianTong ဂြိုဟ်တုစာပို့စနစ်နှစ်မျိုးလုံး ပါပြီး စာနဲ့ ပုံ location sharing နှစ်မျိုးလုံး ရမှာပါ။
တရုတ်ဈေးကွက်မှာ Huawei Nova 14 Ultra ကို Floating Gold , Floating White , Flowing Purple နဲ့ Obsidian Blck လေးရောင်နဲ့ ထွက်ပါတယ်။ ဈေးနှုန်းကိုတော့ 256GB Kunlun Glass မော်ဒယ်အတွက် ၄၁၉၉ ယွမ် (၅၈၂ ဒေါ်လာဝန်းကျင်) ကနေ 1TB ဗားရှင်းကို ၄၉၉၉ ယွမ် (၆၉၄ ဒေါ်လာဝန်းကျင်) ဈေးတွေနဲ့ ရောင်းချသွားမှာပါ။
