16 w - Translate

Ga-tham (202

သမီးရည်းစားနှစ်ယောက်မှာ ကောင်လေး (အတိတ်မေ့သွားသူ) က ယာဉ်မတော်တဆဖြစ်ပြီး အတိတ်မေ့သွားတယ်။ ဖခင်ဆီသွားချင်တယ်ဆိုတဲ့ အတိတ်မေ့သွားတဲ့ ကောင်လေးကို ကောင်မလေး က လိုက်ပိုပေးပါတယ်။ ဖြစ်ချင်တော့ သူတိုသွားမယ့် ခရီးလမ်းကြောင်းမှာ ကောင်မလေး တွေ တစ်ယောက်ပြီးတစ်ယောက် ပျောက်သွားလိုက်၊ အလောင်းတွေပေါ်လာလိုက် ဖြစ်နေတယ်။ အရေးထဲ လမ်းမအလယ်မှာ ကားကလည်း ပျက်သွားပြန်ကော၊ ဖြတ်သွားဖြတ်လာ လူကြီးတစ်ယောက် က သူတိုကို ကားပြင်ဆရာ ခေါ်ပေးမယ်။ ဒီအတောအတွင်း သူ့အိမ်မှာ လိုက်တည်းပါဆိုပြီး ခေါ်လာခဲ့တယ်။ အိမ်ကြီးကလည်း လူသူအရောက်အပေါက်နည်းတဲ့ တောအုပ်ထဲမှာ တည်ရှိနေတယ်။ အဲ့ဒီအိမ်ကို စရောက်တဲ့ညမှာပဲ သူတိုကို ခေါ်လာတဲ့ လူကြီး ဟာ မူမမှန်တော့ပါဘူး။ သူ့မှာ စိတ္တဇဆန်ဆန် သားတစ်ယောက် လည်း ရှိသေးတယ်။ အိမ်ထဲမှာလည်း လူသတ်ထားတဲ့ အငွေ့အသက်တွေနဲ့ ထူးဆန်းကြောက်မက်ဖွယ် ဖြစ်နေပါတော့တယ်။ နောက်ဆုံး အိမ်ပိုင်ရှင်ကြီးဟာ သူတိုကို ထွက်သွားခွင့် မပေးတော့ဘဲ ချုပ်ထားတဲ့အခါမှာတော့ ဘယ်လိုတွေဆက်ဖြစ်လာမလဲဆိုတာကို ရင်တဖိုဖိုနဲ့ စောင့်စားကြည့်ရှုအားပေးပါဦးလို တိုက်တွန်းပါရစေ။ ဘယ်အချက်က မျှော်လင့်တာမကျဖူးတဲ့ twist ဖြစ်မလဲ ထင်လဲ?

image