GOTG မှာ Star Lord အဖြစ်သရုပ်ဆောင်တဲ့ Chris Pratt ဟာ Star Lord အဖြစ်သရုပ်မဆောင်ခင် အလွန်ပြင်းထန်တဲ့ လေ့ကျင့်ခန်းတွေ ၊ Diet တွေ ကျင့်ယူခဲ့ရပါတယ် ။ အခုလို လုပ်ရတဲ့ အကြောင်းကတော့ Huge Jackman နဲ့ Henry Cavill တို့ကို အားကျလို့ပါဆိုပြီး Chris Partt ကိုယ်တိုင်ပြောကြားခဲ့ဖူးပါတယ် ။
Chris Pratt ဟာ ခြောက်လအတွင်း Star Lord role အတွက် ပေါင် 60 ကိုကျအောင်လုပ်ပြီး ပုံစံကောင်းတစ်ခုပြန်ရအောင် ပြုလုပ်ခဲ့ရပါတယ် ။ ဒါဟာ အဆိုးဆုံး အပိုင်းမဟုတ်သေးပါဘူး ။ အဆိုးဆုံးအပိုင်းကတော့ Marvel ရဲ့
nutritionist ရဲ့ အကူအညီနဲ့ အတူ တစ်နေ့ကို ဖန်ခွက်နဲ့ ရေ 220 ခွက် သောက်သုံးခဲ့ရပါတယ် ။ ဆိုတော့ ဂါလံနဲ့ တွက်ကြည့်ရင် နှစ်ဂါလံ နီးနီးပါပဲ ။
Chris Pratt က အဲလို့ ရေတွေအများကြီးသောက်နေရတော့ နေ့တိုင်း သေးတွေ အကြာကြီး ပေါက်ရတာ သူ့အတွက် အိမ်မက်ဆိုး လိုပါပဲလို့ ပြောကြားခဲ့ပါတယ် ။
[ အဲ့လိုပါပဲ ပညာမတတ်ရင် Character နဲ့လိုက်အောင် ပင်ပင်ပန်းပန်းလုပ်ရတတ်ပါတယ် မြန်မာ မှာဆို ကတုံး Character ကို ကတုံးအတုစွပ်လိုက်ရုံပါပဲ ]

image