16 ပတ် - ဘာသာပြန်ပါ။

DCU ရဲ့Timeline က အရမ်းရှင်းတယ်လို့ပြောလာတဲ့ James Gunn
Threads မှာ ပရိသတ်တစ်ယောက်က Gunn ကို MCU မှာ Marvel timeline အပိုင်းတွေရှိသလို HBO Max မှာလည်း DCU အတွက် timeline တစ်ခုလုပ်ပေးဖို့ အစီအစဥ်ရှိလားလို့ မေးလာခဲ့ပါတယ်။
Gunn ကတော့ “အခုထိတော့ ရုပ်ရှင်နဲ့ Show တွေကတော့ Timeline တွေ အတူတူပဲသွားမှာပါ။ ဒါပေမယ့် တချို့ဇာတ်လမ်းတွေမှာ အတိတ်ကို ပြန်ပြတဲ့ ပုံစံတွေတော့ ပါတာပေါ့ - ဥပမာ Creature Commandos, Superman, Peacemaker, Lanterns, Supergirl တို့လိုမျိုး။” ဒီထက်ရိုးရှင်းလို့ မရတော့ဘူးပေါ့။
MCU မှာဆိုရင် အရင်တုန်းက Timeline ပြသာနာတွေရှိခဲ့ဖူးတယ်။ ဥပမာ Spider-Man: Homecoming မှာ Battle of New York ကနေ ၈ နှစ်အကြာလို့ ရေးထားပေမယ့် တကယ်တော့ ၄ နှစ်ပဲ ဖြစ်ခဲ့ပါတယ်။
Gunn နဲ့ Peter Safran တို့က ၂၀၂၂ မှာ DC ကို လွှဲယူပြီး DCU Chapter One: Gods and Monsters ဆိုတဲ့ ရုပ်ရှင်နဲ့ ရှိုးအသစ်တွေကို စတင်ခဲ့ပါတယ်။ Creature Commandos က ထုတ်လွှင့်ပြီးပြီ၊ Superman က ဇူလိုင်မှာ လာမယ်၊ Peacemaker Season 2 က သြဂုတ်မှာ ထွက်ပါမယ်။
ရက်မသတ်မှတ်ရသေးတဲ့ ပရောဂျက်တွေထဲမှာ Booster Gold, Waller, Paradise Lost, The Authority, Batman: The Brave and the Bold, Swamp Thing, Mike Flanagan ရဲ့ Clayface ရုပ်ရှင်တို့လည်း ရှိပါသေးတယ်။
Matt Reeves ရဲ့ The Batman လို ရုပ်ရှင်တွေကတော့ Main Timeline နဲ့ သီးခြား Universe မှာရှိနေမှာဖြစ်ပြီး ဖြစ်နိုင်တာက Venom လိုမျိုး Post Credit တွေမှာ Main Timeline မှာ ထည့်ချင်လည်း ထည့်လာနိုင်ပါတယ်လို့ Hint ပေးသွားခဲ့ပါသေးတယ်။
DCU ရဲ့ ပထမဆုံး ရုပ်ရှင် Superman ကိုတော့ ဇူလိုင် ၁၁ ရက်မှာ ရုံတင်မှာဖြစ်ပါတယ်။

image