16 w - Translate

#ယနေ့ထုတ်သတင်းစာ_သတင်း
◼ ကို​ဗစ်(၁၉) အတည်ပြုလူနာသစ်တစ်ဦး တွေ့ရှိ
ကျန်းမာရေးဝန်ကြီးဌာနသည် ကိုဗစ်(၁၉)ရောဂါ စောင့်ကြပ်ကြည့်ရှုခြင်းလုပ်ငန်းများကို စဉ်ဆက်မပြတ် ဆောင်ရွက်လျက်ရှိရာ မေ ၁၈ ရက်ကကိုဗစ် (၁၉) ရောဂါ ဓာတ်ခွဲအတည်ပြုလူနာသစ်တစ်ဦး တွေ့ရှိခဲ့ကြောင်း မေ ၂ဝ ရက်က ကျန်းမာရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည်။
ကျန်းမာရေးဝန်ကြီးဌာနသည် ကိုဗစ်(၁၉) ရောဂါစောင့်ကြပ်ကြည့်ရှုခြင်းလုပ်ငန်းများကို စဉ်ဆက်မပြတ် ဆောင်ရွက်လျက်ရှိရာ မေ ၁၁ ရက် ည ၈ နာရီမှ မေ ၁၈ ရက် ည ၈ နာရီအထိ ရက်သတ္တပတ်အတွင်း ဓာတ်ခွဲနမူနာစုစုပေါင်း ၂၄၆၁ ခုအား စစ် ဆေးပြီးစီးခဲ့ရာကိုဗစ်(၁၉) ရောဂါဓာတ်ခွဲအတည်ပြု လူနာသစ်တစ်ဦး တွေ့ရှိခဲ့ကြောင်းသိရသည်။
ထို့ကြောင့် ရောဂါပိုးတွေ့ရှိမှုရာခိုင်နှုန်းမှာ သုည ဒသမ ဝ၄ ရာခိုင် နှုန်းဖြစ်ပြီး အစီရင်ခံကာလအတွင်းကိုဗစ်(၁၉) ရောဂါဖြင့် သေဆုံးသူမရှိကြောင်း သိရသည်။
အများပြည်သူများအနေဖြင့် ကိုဗစ်(၁၉) ရောဂါဆိုင်ရာ သတင်း အချက်အလက်များကို ကျန်းမာရေးဝန်ကြီးဌာန၏ အင်တာနက် စာမျက်နှာ moh.gov.mm တွင် ဝင်ရောက်ကြည့်ရှုနိုင်ကြောင်း သိရသည်။

image