#ယနေ့ထုတ်သတင်းစာ_နိုင်ငံတကာသတင်း
◼ ပါကစ္စတန်အတွက် သူလျှိုလုပ်သည့်သံသယဖြင့် အိန္ဒိယယူကျူဘာတစ်ဦး အဖမ်းခံရ
ပါကစ္စတန်အတွက် သူလျှိုလုပ်သည့်သံသယဖြင့် အိန္ဒိယယူကျုဘာတစ်ဦးကို ဖမ်းဆီးထိန်းသိမ်းလိုက်ကြောင်း အိန္ဒိယရဲတပ်ဖွဲ့က မေ ၁၉ ရက်တွင်ပြောသည်။
အိန္ဒိယမြောက်ပိုင်း ဟာယာနာပြည်နယ်၏ ခရီးသွားဒေသများကြောင့် လူသိများသော ယူကျုသမားတစ်ဦးဖြစ်သူ ဂျေယိုတီမယ်ဟိုထရာသည် ပါကစ္စတန်သို့အကြိမ်ပေါင်းများစွာ သွားရောက်ခဲ့ပြီး နောက်ဆုံးအကြိမ်မှာ ၂ဝ၂၅ ခုနှစ်မတ်လတွင် နောက်ဆုံးအကြိမ် သွားရောက်ခဲ့သည်။
၎င်းသည် အိန္ဒိယမှနှင်ထုတ်ခံခဲ့ရသော ပါကစ္စတန်ထိပ်တန်းတာဝန်ရှိသူတစ်ဦးနှင့် ဆက်သွယ်ခဲ့သည်ဟုရဲတပ်ဖွဲ့က စွပ်စွဲထားသည်။ စွပ်စွဲချက်များကို၎င်း၏ဖခင်က ငြင်းဆိုထားပြီး လိုအပ်သောခွင့်ပြုချက်များ ရယူပြီးမှသာပါကစ္စတန်သို့ သွားရောက်ခဲ့သည်ဟုဆို၏။
သို့သော်ရဲတပ်ဖွဲ့ကမူ မစ္စမယ်ဟိုထရာသည် ပါကစ္စတန်ထောက်လှမ်းရေးအရာရှိများနှင့် အဆက်အသွယ်ရှိပြီး ပါကစ္စတန်နိုင်ငံသားတစ်ဦးနှင့်လည်း စဉ်ဆက်မပြတ် အဆက်အဆံရှိခဲ့သည်ဟုပြောသည်။ မကြာသေးမီကဖြစ်ပွားခဲ့သော ပါဟယ်ဂမ်တိုက်ခိုက်မှုနှင့် မယ်ဟိုထရာတို့အကြား ဆက်နွှယ်မှုရှိ၊ မရှိ စစ်ဆေးနေကြောင်း ရဲတပ်ဖွဲ့ တာဝန်ရှိသူတစ်ဦးက ပြောသည်။
၎င်းသည် တရုတ်၊ ထိုင်း၊ ဘင်္ဂလားဒေ့ရှ်၊ယူအေအီးနှင့် အင်ဒိုနီးရှားနိုင်ငံများသို့ သွားရောက် ရိုက်ကူးတင်ဆက်မှုများမှုများ ပြုလုပ်ခဲ့ပြီး ယင်းခရီးစဉ်များအတွက် ငွေကြေးမည်သို့ရရှိခဲ့သည်ကိုလည်း တာဝန်ရှိသူများက မေးခွန်းထုတ်ခဲ့ကြသည်။ ထောက်ပံ့မှုများနှင့်အတူ ပါကစ္စတန်ကိုလည်း သွားရောက်ခဲ့ကြောင်း ရဲတပ်ဖွဲ့က စွပ်စွဲထားသည်။
ဘီဘီစီ
