မုန်းဟင်းခါးနှင့် တွဲဖက်စားသုံးရတဲ့ ပဲကပ်ပွပွလေးကြော်နည်း  
ပါဝင်ပစ္စည်းများ......... 
- ပဲ ၃-၄ ဗူး 
- ကောက်ညှင်း ၄ ဇွန်း 
- ဆန်ကြမ်း ၅ ဇွန်း 
- ဂျုံမှုန့်  ၄ ဇွန်း 
- ဆား၊ ဆော်ဒါ အနည်းငယ် 
- ရေ၊ ဆီ  
ပြုလုပ်ပုံအဆင့်ဆင့်.......... 
ပထမဦးစွာ ပဲများကို ရေစင်အောင်ဆေးပြီး ရေကို ပဲတွေမြုပ်အောင်ထည့်ပြီး ၆ နာရီခန့်လောက် စိမ်ထားပေးပါ။  
ပြီးနောက် ကောက်ညှင်းမှုန့်၊ ဂျုံမှုန့်၊ ဆန်ကြမ်း၊ ဆား အနည်းငယ်၊ ဆော်ဒါအနည်းငယ်၊ ရေထည့်ပြီး မုန့်ရည်မပျစ်မကျဲ ဖျော်ထားပါ။ 
ပြီးနောက် မုန့်နှစ်ထဲသို့ စိမ်ထားတဲ့ပဲတွေကိုရေစစ်ပြီး ထည့်ပြီး နာရီဝက်လောက် နှပ်ထားပါ။ 
ပြီးနောက် ဆီအိုးသယ်ပြီး ဆီပူလာလျှင် အကြော်ကြော်တဲ့ ဇွန်းပြား သို့ ပန်းကန်ပြားပေါ်ထည့်ကာ ဆီအိုးထဲသို့ထည့်ပြီး ကြော်လို့ရပါပြီးနော်။ 
ရွှေဝါရောင်တန်းလာပြီးဆိုရင် ဆယ်သယ်လို့ရပါပြီးနော်။ 
ဒါဆိုရင်တော့ အရသာရှိတဲ့ ပဲကပ်ကြော် ရပါပြီး.......။ 
မုန့်ဟင်းခါးဖြင့် တွဲစားလိုက်ရင်တော့ အရမ်းကို အရသာရှိစေမှာဖြစ်ပါတယ် ။ 
ကြော်စားလို့ရအောင် ပို့စ်ကို Save ထားဖို့ မမေ့ကြပါနဲ့နော် 😍