တုံယမ်း ဟင်းရည် (၄ -၅ ယောက်စာ)
တုံယမ်း ဟင်းရည်မေးထားတဲ့ သူများအတွက်
တုံယမ်း ဟင်း၇ည်က ထိုင်း ဟင်းရည်တွေထဲမှာတော့ လူုကြိုက်အများဆုံး ဟင်းရည်ပါ။ ချဉ်ချဉ်စပ်စပ်လေးနဲ့အအီပြေပြီး သောက်လို့ကောင်းပါတယ်။ လုပ်နည်းကတော့ တခါလုပ်ပြီးသွားရင်လွယ်ကူသွားတာမို့လုပ်စားကြည့်နော်။
ပါ၀င်သောပစ္စည်းများ
၁။ ပုဇွန် - ၁၅ ကျပ်သား
၂။ ပြည်ကြီးငါး - ၁၀ သား (မထည့်လဲရ)
၃။ ကြိုက်နှစ်သက်၇ာမှို - ၅ ကျပ်သား
၄။ ရေ (သို့) ကြက်ပြုတ်ရည် - ၄ ခွက် (၁ လီတာ)
၅။ ပဒဲကော - လက်တ ဆစ်
၆။ စပါးလင် - ၂ ချောင်း
၇။ ငရုတ်သီးစိမ်း အနီတောင့် - ၂ တောင့်
၈။ ငရုတ်သီး စိမ်းတောင့် - ၅ တောင့်
၉။ ရှောက်ရွက် - ၅ ရွက်
၁၀။ ခရမ်းချဉ်သီး - ၂ လုံး
၁၁။ ကြက်သွန်နီ - ၂ လုံး
၁၂။ ယိုးဒယား ငံပြာရည် - ထမင်းစားဇွန်း ၂ ဇွန်း (သို့) ၃ ဇွန်း
၁၃။ သကြား - လက်ဖက်ရည်ဇွန်း ၁ ဇွန်း ခွဲ
၁၄။ သံပုရာသီး - ၁ လုံး (သို့) ၂ လုံး
၁၅။ နံနံပင် - အနည်းငယ် (မထည့်လဲရ)
( ၁ ခွက် = 240ml = ၇ိုး၇ိုးကော်ဖီခွက် ၁ ခွက် = ထမင်းစားဇွန်း ၁၆ ဇွန်း)
( ထမင်းစားဇွန်း = 1 tablespoon = 15 ml)
(လက်ဖက်ရည်ဇွန်း = 1 teaspoon = 5 ml)
ပြုလုပ်နည်း
၁။ ပုဇွန်ကို ခေါင်းဖြုတ်၊ အခွံနွှာပြီး သန့်စင်ထားပါ။ (ခေါင်းနဲ့အခွံတွေကို မလွှင့်ပစ်ပါနဲ့။) ပြည်ကြီးငါးကို သန့်စင်ပြီး အတုံးတုံးထားပါ။ ပဒဲကောကို အပြားလိုက်လှီးရ်ျ ငရုတ်ကြည်ပွေ့ဖြင့် ထုထားပါ။ စပါးလင်ကို အပေါ် တလွှာခွာရ်ျ ၃ ပိုင်းပိုင်းပြီး ငရုတ်ကြည်ပွေ့ဖြင့် ထုထားပါ။ ငရုတ်သီးစိမ်း အနီတောင့် ၂ တောင့်ကို ညက်နေအောင်ထောင်းထားပါ။ ခရမ်းချဉ်သီး ၊ကြက်သွန်နီကို ၄ ခြမ်းခြမ်းထားပါ။ (အလုံးကြီးလျှင် လေးထောင့် အတုံးလေးတွေ တုံးထားပါ။) မှိုကို ၂ ခြမ်း ခြမ်းထားပါ။
၂။ ကြက်ပြုတ်ရည် (သို့)ရေထဲကို ပုဇွန်ခေါင်းနှင့် အခွံများ၊ စပါးလင်၊ ပဒဲကော၊ ရှောက်ရွက်၊ ထောင်းထားသော ငရုတ်သီးအနီများကိုထည့်ရ်ျ ပွက်လာသည်အထိတည်ပါ။ ပွက်လာလျှင် မီးအေးအေးဖြင့် ၁၅ မိနစ်ခန့်တည်ထားပါ။
၃။ ၁၅ မိနစ်ခန့် တည်ပြီးလျှင် အိုးထဲမှ ပုဇွန်ခေါင်း၊အခွံ ၊စပါးလင်၊ပဒဲကော၊ ရှောက်ရွက် တို့ကို ဇကာတခုဖြင့် ဆယ်ရ်ျဖယ်လိုက်ပါ။
၄။ ဟင်းရည် အိုးထဲကို ငံပြာရည်၊ သကြား၊ ငရုတ်သီး အစိမ်းတောင့်၊ ပုဇွန်၊ ပြည်ကြီးငါး၊ ခ၇မ်းချဉ်သီး တို့ကိုထည့်ရ်ျ ၁၅ မိနစ်ခန့်တည်ပါ။
၅။ မီးဖိုပေါ်မှ ချခါနီးမှ သံပုရာရည်ကို ညှစ်ပါ။ ပထမဆုံး တလုံးမှ အ၇ည်များညှစ်ပြီး မြည်းကြည့်ပါ။ လိုအပ်မှ နောက်တလုံးမှ အ၇ည်ညှစ်ထည့်ပါ။
၆။ စားခါနီးတွင် အပေါ်မှ နံနံပင် အုပ်ပါ။ (မထည့်လဲ၇)
၇။ ချဉ်ချဉ်စပ်စပ်မွှေးမွှေးနဲ့တုံယမ်း ဟင်းရည်ကိုသုံးတောင်နိုင်ပါပြီ။
#crd_to_owner_with_respect

image