#ယနေ့ထုတ်သတင်းစာ_နိုင်ငံတကာသတင်း
◼ မြန်မာ့အရေးဖြေရှင်းရာတွင် အာဆီယံလမ်းစဉ်သစ်ကို ဦးဆောင်ရန် မလေးရှားဝန်ကြီးချုပ်အား တိုက်တွန်း
မြန်မာ့နိုင်ငံရေး အကျပ်အတည်းကို ဖြေရှင်းရေးအတွက် ကြိုးပမ်းရာတွင် အာဆီယံမဟာဗျူဟာသစ်ကို ဦးဆောင်မှုပေးရန် လက်ရှိမလေးရှားဝန်ကြီးချုပ် အန်ဝါအီဘရာဟင်ကို ဝန်ကြီးချုပ်ဟောင်း ဆိုင်ဖတ်ဒင်အက်ဘ်ဒူလာနှင့် ကုလ သမဂ္ဂကျွမ်းကျင်သူဟောင်း သုံးဦးတို့က မေ ၁၉ ရက်တွင် တိုက်တွန်းခဲ့ကြောင်း သိရသည်။
မလေးရှားဝန်ကြီးချုပ် အန်ဝါအီဘရာဟင်နှင့် နိုင်ငံတော်စီမံအုပ် ချုပ်ရေးကောင်စီ ဥက္ကဋ္ဌဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်တို့ တွေ့ဆုံဆွေးနွေးခဲ့ပြီးနောက် အာဆီယံမဟာဗျူဟာသစ်ကို ဦးဆောင်ရန် ဝန်ကြီးချုပ်ဟောင်းအက်ဘ်ဒူလာနှင့် ကုလကျွမ်းကျင်သူများက အန်ဝါအီဘရာဟင်ကို တိုက်တွန်းခဲ့ကြခြင်းဖြစ်သည်။
မြန်မာ့အရေးနှင့်ပတ်သက်၍မူဝါဒလမ်းစဉ်သစ်ကို ဦးဆောင်ရာတွင် ဝန်ကြီးချုပ်အန်ဝါအီဘရာဟင်အနေဖြင့် ၎င်း၏ အာဆီယံဥက္ကဋ္ဌနေရာကို အသုံးချနိုင်ရန် အရေးကြီးကြောင်း မလေးရှားဝန်ကြီးချုပ်ဟောင်းနှင့် ကုလကျွမ်းကျင်သူဟောင်းများက သုံးသပ်ထားသည်။
မိမိတို့အနေဖြင့် မြန်မာ့နိုင်ငံရေးအကျပ်အတည်းကို ဖြေရှင်းရေးအတွက် ကြိုးပမ်းရာတွင် အားလုံးပါဝင်နိုင်မှုရှိသော တွေ့ဆုံဆွေးနွေးပွဲများ ကျင်းပနိုင်ရန်၊ လူသားချင်း စာနာထောက်မှုဆိုင်ရာအကူအညီများပေးပို့မှုကို အားပေးထောက်ခံရန် လိုအပ်မည်ဖြစ်ကြောင်း ဝန်ကြီးချုပ်ဟောင်းအက်ဘ်ဒူလာနှင့် ကုလကျွမ်းကျင်သူဟောင်းများ ဖြစ်ကြသည့် မာဇူကီဒါရုစ်မင်၊ ယန်ဟီးလီနှင့် ခရစ်ဆီဒိုတီတို့က သုံးသပ်ထားသည်။
မလေးရှားနိုင်ငံသည်လာမည့် မေ ၂၆ ရက်နှင့် ၂၇ ရက်တို့တွင် (၄၆)ကြိမ်မြောက် အာဆီယံထိပ်သီးညီလာခံကို လက်ခံကျင်းပရေးအတွက် စီစဉ်လျက်ရှိသည်။
အဆိုပါ အာဆီယံထိပ်သီးညီလာခံတွင် အခြားဒေသတွင်း လုံခြုံရေးကိစ္စများအပြင်မြန်မာ့နိုင်ငံရေးပြဿနာကိုလည်း အာဆီယံအဖွဲ့ဝင်နိုင်ငံများက အဓိကထားဆွေးနွေးကြမည်ဖြစ်သည်။
မလေးရှားနိုင်ငံသည် အာဆီယံအဖွဲ့၏ ယခုနှစ် အလှည့်ကျဥက္ကဋ္ဌနိုင်ငံ ဖြစ်သည်။
သည်စတား
