6 w - Translate

Naseem Hamed အကြီးစား - Ben Whittaker
ဟိုးအရင်တုန်းက Naseem Hamed ဆိုတဲ့ ဘောက်ဆင်သမားရှိခဲ့ဖူးတယ်။ ဖယ်သာဝိတ်ကမ္ဘာ့ချန်ပီယံဟောင်းပါ။ အကွက်ဆန်းတွေသုံးပြီး ကစားတတ်လို့ ပရိသတ်ကြိုက်ကြတယ်။ ပြိုင်ဘက်ရဲ့ လက်သီးချက်တွေကို ဂတ်မတင်ဘဲ အနီးကပ်ရှောင်ပြတာမျိုးပါ။ ပြိုင်ဘက်ကို ပြောင်ပြဖြဲပြတယ်။ အငယ်တန်းဆိုပေမယ့် ပါဝါကြီးတာမို့ အလဲထိုးနိုင်ပွဲများတယ်။ စိတ်ဝင်စားရင် ဒီမှာ bit.ly/3S9R2kk ကြည့်ပါ။ အသက်ငယ်ငယ်မှာတင် အနားယူသွားတာမို့ နောက်လူငယ်တွေက သိပ်သိကြမယ်မထင်ဘူး။
အခုလည်း ဘောက်ဆင်လောကမှာ Naseem Hamed အကြီးစားပေါ်နေပြီ။ Ben Whittaker က လိုက်ဟဲဗီးဝိတ်တန်းမှာ ကစားတာမို့လို့ Naseem Hamed အကြီးစားလို့ ပြောရတာပါ။ Ben Whittaker ရဲ့ မိဘတွေကို ပြန်ကြည့်လိုက်ရင် အဖေက ဂျမေကာနိုင်ငံသား။ အမေက အင်္ဂလိပ် - သြဇီကပြား။ အဲဒါကြောင့်မို့ Ben Whittaker ရဲ့ မျက်နှာပေါက်က ကပ္ပလီပုံစံဖြစ်ပြီး အသားအရောင်က လူဖြူဖြစ်နေတာပါ။
ဗြိတိန်နိုင်ငံမှာ Ben Whittaker က နာမည်ကြီးပါ။ တိုကျိုအိုလံပစ်မှာ ငွေတံဆိပ်ရဖူးတယ်။ ဗိုလ်လုပွဲက အငြင်းပွားဖွယ်ပါပဲ။ Ben Whittaker က ကျူးဘားဖိုက်တာ Arlen Lopez ကို မနိမ့်ပါဘူး။ ဒါပေမယ့် ငွေတံဆိပ်ဆုပဲ ကျေနပ်လိုက်ရတယ်။ ဒါကလည်း Ben Whittaker က သိပ်မကျေနပ်ပါဘူး။ ရွှေတံဆိပ်ရသင့်တယ်လို့ ခံစားနေရတယ်။ စိတ်ဝင်စားရင် ဒီမှာ bit.ly/45esoGQ ကြည့်ပါ။
အဲဒီနောက်မှာ Ben Whittaker က ကြေးစားပြောင်းထိုးတယ်။ ပွဲတိုင်းမှာလိုလို အသာစီးထိုးနိုင်ခဲ့တာပဲ။ အပေါ်မှာရေးထားသလို ပရိသတ်အကြိုက် လိုက်ကစားတာပါ။ Head Movement ကောင်းတာမို့ ပြိုင်ဘက်တွေက ထိအောင်ထိုးနိုင်ဖို့ မလွယ်ပါဘူး။ ကစားဟန်က တော်တော်ကြည့်လှပါတယ်။ ပါဝါကြီးတာမို့ အလဲထိုးနိုင်ပွဲများတယ်။ စိတ်ဝင်စားရင် ဒီမှာ bit.ly/4kjfGeV ကြည့်ပါ။
ဟိုတလောက Artur Beterbiev နဲ့ Dmitry Bivol (ပထမပွဲ) ကို စောင့်ကြည့်မိတယ်။ ရှေ့ထွက်တွဲဆိုင်းမှာ Ben Whittaker နဲ့ Liam Cameron တို့ ကစားကြတာပါ။ Liam Cameron က Ben Whittaker ထက် နည်းနည်းသာတယ်။ Ben Whittaker ရုန်းကန်လိုက်ရတယ်။ ဖြစ်ချင်တော့ (၅) ချီမြောက်မှာ ကစားသမားတွေက အားလွန်ပြီး ကြိုးဝိုင်းပေါ်က ပြုတ်ကျတယ်။ အတွဲလိုက်ပြီး ပြုတ်ကျသွားတာပါ။ ကြိုးဝိုင်းဒိုင်က လှမ်းဆွဲတာ မမီလိုက်ဘူး။ အောက်ကကျတဲ့ Ben Whittaker လည်း တော်တော်နာသွားရတယ်။ ဆက်မထိုးနိုင်တော့ ပွဲရပ်ရုံပဲ ရှိတော့တယ်။
ဘောက်ဆင်မှာ (၄) ချီကျော်ရင် တွဲဆိုင်းက တရားဝင်ဖြစ်ပြီ။ အဲဒီတော့ ရောက်တဲ့နေရာမှာရပ်ပြီး အမှတ်ပေါင်းရုံပဲ ကျန်တော့တယ်။ ရလဒ်ကို Technical Decision လို့ခေါ်ပါတယ်။ ပထမအမှတ်ပေးဒိုင်က Liam Cameron ကို အနိုင်ပေးပြီး ဒုတိယအမှတ်ပေးဒိုင်က Ben Whittaker ကို အနိုင်ပေးတယ်။ တတိယအမှတ်ပေးဒိုင်က သရေပေးတာမို့ Split Draw ဖြစ်သွားပါတယ်။ စိတ်ဝင်စားရင် ဒီမှာ bit.ly/3GTtTAm ကြည့်ပါ။
ပထမပွဲမှာ မရှင်းမရှင်းဖြစ်ထားလို့ Liam Cameron နဲ့ Ben Whittaker တို့ကို မကျေပွဲတည်ပေးရတယ်။ မကျေပွဲမှာ Ben Whittaker က ကျောက်ထပြီး ပိုကောင်းလာတယ်။ Liam Cameron ကို ဒုတိယအချီမှာ အလဲထိုးနိုင်သွားတယ်။ ပထမပွဲမှာ စွမ်းဆောင်ရည်သိပ်မကောင်းပေမယ့် ဒုတိယပွဲမှာ တဟုန်ထိုးတက်လာတယ်။ စိတ်ဝင်စားရင် ဒီမှာ https://bit.ly/43A1B6A ကြည့်ပါ။
Ben Whittaker က ကြေးစား (၁၀) ပွဲထိုးထားပြီး (၉) ပွဲနိုင်လို့ (၁) ပွဲသရေကျထားတယ်။ (၆) ပေ (၃) လက်မဆိုတဲ့ အရပ်အမြင့်က လိုက်ဟဲဗီးဝိတ်တန်းမှာ လောရှည်ဖြစ်ပါတယ်။ ဒါပေမယ့် လက်တံ (၇၅) လက်မပဲရှိတာမို့ ခရူဇာဝိတ်အထိ တက်လို့လည်း မသင့်တော်ဘူး။ အခုဆိုရင် ဆရာသမားက ကမ္ဘာ့ထိပ်တန်းဖြစ်လာပြီ။ မကြာခင်မှာ ကမ္ဘာ့ချန်ပီယံဆုကို စိန်ခေါ်တော့မယ်ထင်ရဲ့။

image