6 ပတ် - ဘာသာပြန်ပါ။

ဘင်တန်ဝိတ်တန်းက လောရှည်လေး Patchy Mix
PFL အဖွဲ့အစည်းက Bellator အဖွဲ့အစည်းကို ဝယ်လိုက်တော့ MMA Wave ဖြစ်လာပြီ အောက်မေ့တာ အရင်ထက်တောင် ပိုဆိုးသွားတယ်။ PFL အဖွဲ့အစည်းက ကစားသမားတွေကို အလျဉ်မီအောင် ပွဲမပေးနိုင်ပါဘူး။ Bellator ကစားသမားတွေက ပွဲထိုးချင်လို့ ထအော်နေကြတယ်။ တချို့လည်း ထွက်ကုန်ကြရဲ့။ အခုဆိုရင် PFL အဖွဲ့အစည်းက Bellator အဖွဲ့အစည်းကိုတောင် ဖျက်သိမ်းလိုက်ပါပြီ။
Patricio Pitbull နဲ့ Aaron Pico တို့လည်း UFC အဖွဲ့အစည်းကို ရောက်လာပြီ။ ရောက်ရောက်ချင်းမှာပဲ Patricio Pitbull က ပွဲတောင်ထိုးပြီးပြီ။ အရင်လို အော်စရာမလိုတော့ဘူး။ Aaron Pico လည်း ပွဲရတော့မှာပါ။ အခုနောက်ဆုံးရောက်လာတာ Patchy Mix ပါတဲ့။ Bellator အဖွဲ့အစည်းမှာ ဘင်တန်ဝိတ်ချန်ပီယံပဲ။
UFC 316 ပြိုင်ပွဲမှာ Marlon Vera နဲ့ Mario Bautista တို့ကို တည်ပေးထားတာပါ။ Marlon Vera နှုတ်ထွက်တာမို့ Patchy Mix နဲ့ Mario Bautista တွဲဆိုင်းဖြစ်လာပါမယ်။ ဘယ်လောက်မိုက်သလဲ။ ရောက်ရောက်ချင်း ပွဲရသွားတာပါ။ Patchy Mix က ဘင်တန်ဝိတ်ချန်ပီယံမို့လို့ တခြားဖိုက်တာတွေလို အောက်ခြေက စစရာမလိုပါဘူး။
Patchy Mix က ဘင်တန်ဝိတ်တန်းမှာ အရပ်လည်းရှည်၊ လက်တံလည်းရှည်တဲ့ ကစားသမားပါ။ အရပ် (၅) ပေ (၁၁) လက်မဆိုတာ နည်းတာမှ မဟုတ်တာလေ။ Submission Skill လည်း တော်တော်ကောင်းပါတယ်။ ဘင်တန်ဝိတ်တန်းက အရင်ထက် ပိုလူစည်ပါပြီ။

image