6 ပတ် - ဘာသာပြန်ပါ။

သရက်သီး ကျောက်ကျော
**************************
ရေ 👉 ၂ လီတာ
သကြား 👉 ၂၀ သား(ချိုပေါ့)/
ကျောက်ကျော👉 25 g
သရက်သီး 👉 ၅ လုံးကြိတ်ထား( ပိုထည့်လဲရပါ၏ )

အားလုံးကို ကျိုမယ့်အိုးထဲထည့်မွှေပီး စ ကျိုပါမယ်။
ဗွမ်းဗွမ်းဆူလာရင် မီးအားလျှော့ပါမယ်။
မီးအေးအေးနဲ့ ၁၀ မိနစ်ခန့် ဆက်ကျိုပီးရင်
ဗန်းထဲလောင်းထည့်ပီး အအေးခံထားပေးပါ။

သရက်ကျောက်ကျော ဖြစ်သွားပါလိမ့်မယ်။

_______________________________________________

ချိုပေါ့ ဆိုရင် သကြား ၂၀ ကျပ်သားထည့်ပါ။
ချိုလေး ဆိုရင် သကြား ၂၅ ကျပ်သား ထည့်ပါ။

မိမိနှစ်သက်ရာ
မည်သည့်အသီးအနှံမဆို ဤအချိုးအစားနဲ့ ထိုးပါ။

image