6 ပတ် - ဘာသာပြန်ပါ။

#ငါးသလဲထိုးအိုးကပ်ချက်နည်း

ချက်နည်း ရေးပေးလိုက်ပါတယ်ရှင့်

ငါးသလဲထိုး ငါးလေးတွေကို သံပရာသီးညှစ်ထည့် ဖွဖွလေး ရေစင်အောင်ဆေးပါ(ငါးသလဲထိုးက ညှီစော်နံတတ်လို့ သံပရာသီးနဲ့ဆေးတာပါ)
ငါးလေးတွေကို ရေဆေးပြီး နနွင်းအနည်းငယ် ဆား ဟင်းခတ်မှုန့် ငရုတ်ကောင်းထည့်နယ် အရသာဝင်အောင် ခဏနှပ်ထား

ဆီပြန်ချက်မှာမို့ ဆီလေးပိုထည့် ကြက်သွန်ဖြူ နနွင်း အရောင်တင်(အစစ်)ထည့် ဆီအရင်သပ်
မွှေးပြီး အရောင်လေးလှလာရင် ခရမ်းချဉ်(2)လုံးလောက်စိပ်ထည့် ဆား ဟင်းခတ်မှုန်ထည့် အဖုံးအုပ် နှပ်ထားပါ
ခရမ်းချဉ်အိပြီး အနှစ်ရရင် ငါးနယ်ပြီးနှပ်ထားတာတွေထည့် ရေလေးအနည်းငယ်ထည့် တချက်လောက် နှံအောင်မွှေပြီး အဖုံးအုပ်နှပ်ထားပါ(ခဏ ခဏ မမွှေပါနဲ့နော် ငါးလေးတွေ ကျေကုန်မှာစိုးလို့)
အနံလေးမွှေးပြီး ဆီပြန် တဖျစ်ဖျစ်မြည်လာရင် ငရုတ်ပွစိမ်းလေးညှပ်ထည့် နံနံပင်အုပ် မဆလာကြိုက်ရင် မဆလာခပ် ငရုတ်ကောင်းခပ် ရပါပြီရှင့်

(၇)ရက်သားသမီးအားလုံး ကျန်းမာစေကြောင်း ဆန္ဒပြုလျှက်

#ဖြိုးလက်ရာငါးသလဲထိုးအိုးကပ်ဆီပြန်

image