အင်ဥ ချက်စားခြင်း အကျိုးနှင့် တွဲမစားသင့်သော အစားစာများ
အင်ဥဟာ ကျန်းမာရေးကို အထောက်အကူဖြစ်စေတဲ့ အာဟာရဓာတ်တွေ များစွာပါဝင်ပါတယ်။
ဗီတာမင် ဘီ၊ ဗီတာမင်ဒီ၊ကော့ပါး၊ ပိုတက်ဆီယမ်၊ Seleniun နဲ့ Antioxidant တို့ ကြွယ်ဝစွာပါဝင်တဲ့အပြင် အသားဓာတ်၊ အမျှင်ဓာတ်နဲ့ သံဓာတ်တွေလည်းပါဝင်ပါတယ်။ ပြီးတော့ ပရိုတိန်းဓာတ်တွေလည်းအများအပြားပါဝင်တဲ့အတွက် လိုအပ်တဲ့ အမိုင်နိုအက်ဆစ်တွေကို ဖြည့််ဆီးပေးပါတယ်။ ပါဝင်တဲ့အမျှင်ဓာတ်တွေကြောင့် အူမကြီးလှုပ်ရှားမှုကို ကောင်းမွန်စေပြီး၊ ဝမ်းချုပ်ခြင်းကနေ ကာကွယ်ပေးပါတယ်။
အင်ဥမှာ အန်တီအောက်စီးဒန့်တွေ ပါဝင်တဲ့အတွက်လည်း ဆဲလ်တွေကိုဖျက်ဆီးမယ့် ဓာတ်တွေကိုကာကွယ်ပေးပါတယ်။ အန်တီအောက်စီးဒန့်တွေဟာ ကင်ဆာရောဂါ၊ ဆီးချိုရောဂါတွေကနေ ကာကွယ်ပေးပါတယ်။
အင်ဥဟာ အချို့သော ဘက်တီးရီးယားတွေရဲ့ ကြီးထွားမှုကို လျော့ကျစေပါတယ်။ ပဋိဇီဝဆေးတွေကိုတောင် ခုခံအားမြင့်မားတဲ့ ဘက်တီးရီးယားတွေရဲ့ ကြီးထွားဖွံ့ဖြိုးမှုကိုတောင်ရပ်တန့်စေတယ်လို့ဆိုပါတယ်။
ဒါ့အပြင် အင်ဥက ရောင်ရမ်းမှုကို လျော့ကျစေသလိုအသည်း၊ အဆုတ်၊ ရင်သားအကျိတ်ဖွ့ံဖြိုးလာမှုကို တားဆီးပေးနိုင်တဲ့ အာနိသင်ရှိပါတယ်။
အင်ဥမှာ အာဟာရဓာတ်တွေဖြစ်တဲ့ Antioxidant နဲ့ Amino Acid တို့ပါဝင်တဲ့အတွက် ခန္ဓာကိုယ်ရဲ့ခုခံအားစနစ်ကို မြင့်တက်စေပြီး Copper ပါဝင်တာကြောင့် သံဓာတ်စုပ်ယူမှုကိုအားကောင်းစေပါတယ်။ ပြီးတော့ ကိုယ်အလေးချိန်ကိုမြင့်တက်စေတဲ့ ကိုလက်စထေရောနဲ့ ကာဗိုဟိုက်ဒရိတ်ပါဝင်မှု နည်းပါးပြီးအမျှင်ဓာတ်ကြွယ်ဝစွာ ပါဝင်တာကြောင့် နှလုံးရောဂါ၊ နှလုံးရောဂါဆိုင်ရာ ပြဿနာနဲ့ လေဖြတ်ခြင်းကိုကာကွယ်ပေးပါတယ်။
ယောအတွင်းဝန် ဦးဘိုးလှိုင်ရဲ့ ဥတုဘောဇနသင်္ဂဟကျမ်းမှာ “မြေဥ၊ အင်ဥ၊ မှိုဥ၊ မှိုမျိုးတို့ကို သံသေဒဇ ဟူ၍လည်းကောင်း၊ ဘူမိဆန္ဒဟူ၍လည်းကောင်း၊ သီလိန္ဒက ဟူလည်းကောင်းခေါ်၏။ ထိုမှိုမျိုးတို့သည် ကျိချွဲကုန်၏။ အေးကုန်၏။ ချိုဆိမ့်၏။ကြေခဲ၏။ မစင်ကြယ်လျှင် ဝမ်းသွန်၊ ဝမ်းပျက်၊ သလိပ်နာတို့ကိုဖြစ်စေတတ်၏” ဆိုထားတာကိုတွေ့ရပါတယ်။
သို့သော်လည်း မှိုဓာတ်မတည့်သူနဲ့ အစာအဆိပ်သင့်ဖူးသူတွေအနေနဲ့တော့ အင်ဥကို ဆင်ခြင်စားသုံးသင့်ဖို့လိုပါတယ်။ အင်ဥ အချဉ်တည်ထားတဲ့အစားအစာတွေနဲ့ ကြက်ဟင်းခါးသီ၊ပဲငပိ၊ ဒူးရင်းသီး၊ ချောကလက်တို့နဲ့ တွဲဖက်မစားသုံးသင့်ပါဘူး။
ဒီလိုရာသီ မိုးဦးကျ အချိန်မှာ အင်ပင်တွေအောက် မြေကြီးကလေး ကွဲပြီး အာနေရင် အဲသည်နေရာကို ဓားချွန်လေး ဝါးစူးလေးနဲ့ ယက်ဖြဲရှာကြရပါတယ်
အင်ဥဟာ မှို အမျိုးအစာ ဖြစ်တာကြောင့် မှိုမှာ ပါဝင်တဲ့ အာဟာရဓာတ်တွေ ပါဝင်ပါတယ်
ပရိုတင်း အမိုင်နိုအက်ဆစ်ဓာတ် ကယ်လ်စီယမ် မီးစုန်းဓာတ် တွေ ပါဝင်ပါ
တယ်
ကျန်းမာရေး အကျိုးပြု ရာသီစာ ဖြစ်သော်လည်း အင်ဥ နှင့် ဓာတ်မတည့် သည့် အစားအစာများ မတည့်သူများ ရှိနိုင်သောကြောင့် သတိပြုဆင်ခြင် စားသောက် ရန် လိုအပ်ပါတယ်
အင်ဥကို ဒညင်းသီး ပီလောပီနံ၊မျောက်ငိုသီး ကြောင်လျှာသီး ကြက်ဟင်းခါး
ဂဏာန်း ဖားသား ဒူးရင်းသီး မျှစ်ချဉ် ပုဇွန်ချဉ် ငါးချဉ် ဆူးပုပ် ပဲငါးပိ တို့နဲ့
တွဲဖက် မစားသင့်ပါ
မူးဝေ အော့အန် တတ်ပါတယ်
သွေးတိုး ရောဂါရှိသူတွေနဲ့ နှလုံး သမားတွေ အတွက်လည်း အင်ဥကို ရှောင်သင့်ပါတယ်
အင်ဥဟာ ခါးကိုက် ခါးနားတတ်သူတွေ အစာ အဆိပ်သင့်တတ်သူတွေ အတွက်ကတော့ သတိထားသင့်တဲ့ အစားအစာပါ
အင်ဥမှာ ယူရစ်အက်ဆစ်ဓာတ်တွေ ပေါများစွာ ပါဝင်တာကြောင့် လေးဘက်နာ ရောဂါသမားတွေနဲ့ ဂေါက်ရောဂါသမားတွေ သတိထား စားသင့်ပါတယ်
``အင်ဥဆီပြန်ချက်နည်း´´
ဟင်းမချက်မီ အင်ဥကို ရေစိမ်ပြီး သဲစင်အောင် ဆေးရန်လိုအပ်ပါသည်
အထူးသဖြင့် အင်ဥသည် သဲများ နွံများအတွင်းမှ ရရှိသည့် အတွက်
ရေကို ၄- ၅ ခါလောက် ဇကာနှင့် တိုက၍ ဆေးရပါမည် အင်ဥတလုံးခြင်းစီကို သေချာတိုက်ချွတ် ဆေးမှလည်း သဲစင်မှာ ဖြစ်ပါသည်
ပါဝင်ပစ္စည်းများ
အင်ဥ - ၂၅ ကျပ်သား
ခရမ်းချဉ်သီး ၁ -လုံး
ကြက်သွန်နီ -၂ လုံး
ကြက်သွန်ဖြူ -၃ မွှာ
ငြုပ်သီး ပွ -၂ တောင့်
အရောင်တင်
နနွင်း
ဆီ
ဆား
အရသာမှုန့် အနည်းငယ် ဆီ တို့ လိုအပ်ပါတယ်
အင်ဥ ကို အလုံးလိုက်ချက်စား ကြသလို ပါးပါးလှီး ပြီးမှလည်း ချက်စားကြပါသည်
အင်ဥ များအား လိုအပ်သလို လှီးထားပါ
ကြက်သွန်နီ ပါးပါးလှီးထားပါ ထားပါ ကြက်သွန်ဖြူ ညက်အောင်ထောင်း
ခရမ်းချဉ်သီး လှီးထားပါ
ဒယ်အိုးအတွင်းတွှင် ပါဝင်ပစ္စည်းများအားလုံး ထည့်နယ် ပီး အဖုံးအုပ် မီးဖိုပေါ်တည်ထားပါ
ဆီပြန်လာပါက မွှေပေးပြီး ဟင်းအပေါ် ရေမြုပ်သည်ထိ ထည့် အဖုံးအုပ်
ပြန်တည်ထားပါ
ရေခမ်းပြီး ဆီပြန်လာပါက အရသာအပေါ့အငံမြည်းပြီး အင်ဥများနူး လာပါက
ပြင်ဆင်တည်ခင်းစားသောက်နိုင်ပြီ ဖြစ်ပါသည်
crd

