7 w - Translate

"အခုနေ ကျွန်တော်သာ ကျောင်းသားတစ်ယောက်ဆိုရင်"
အမြင့်ကြီးရောက်သွားတဲ့ လူချွန်တွေမှာ ကြယ်တွေလို လင်းလက်နေတဲ့ စိတ်ကူးစိတ်သန်းကောင်းတွေ ရှိပါတယ်။
ကမ္ဘာပေါ်က တန်ဖိုးအမြင့်ဆုံးကုမ္ပဏီတစ်ခု ဖြစ်တဲ့ Nvidia ရဲ့ CEO ဂျန်ဆန်ဟွမ်ကတော့ သူ့အိုင်ဒီယာတွေကို လူငယ်တွေဆီ ချပြဖို့ ဝန်မလေးပါဘူး။ အနာဂါတ်ဆီ အပြေးပြိုင်ရမယ့် နောက်မျိုးဆက်လူငယ်တွေအတွက် သူပေးတဲ့ အကြံလေး နားထောင်ကြည့်ရအောင်ပါ။
"အခုချိန်မှာ ကျွန်တော်သာ ကျောင်းသားတစ်ယောက် ဖြစ်နေမယ်ဆိုရင် (ဘယ်သိပ္ပံတွဲပဲ ယူယူ အရေးမကြီးဘူး။) ကျွန်တော့်ကိုယ် ကျွန်တော် ပြန်မေးရတော့မယ်။ "ငါ့အလုပ်ကို ပိုကောင်းအောင် လုပ်ဖို့ AI ကို ဘယ်လို သုံးရမလဲ" ဆိုတာပါ။"
"AI နဲ့ ဘယ်လို အလုပ်လုပ်ရမလဲ လေ့လာတာက မေးခွန်းတွေမေးရာမှာ သိပ်တော်တဲ့ လူတစ်ယောက်ဖြစ်အောင် လုပ်တာမျိုးပဲ။ AI ကို Prompt ပေးတာက လည်း ဒီအတိုင်းပဲ။ မေးခွန်းတွေ တပြုံကြီး ကြုံသလို မေးနေလို့ မရဘူး။ AI ကို ကိုယ့်အတွက် အကူအဖြစ် မေးတာကလည်း အနုပညာနဲ့ ကျွမ်းကျင်မှု လိုတယ်။"
"ဆိုပါတော့ ခင်ဗျားက စွန့်ဦးတီထွင်လုပ်ငန်းရှင်။ ခင်ဗျားကို တစ်ယောက်ယောက်က " ခင်ဗျားစီးပွားရေးအကြောင်း ပြောပြပါ" လို့ မေးလာရင် ခင်ဗျား ဖြေဖို့ ခက်မယ်။ စီးပွားရေးဆိုတာက သိပ်ရှုပ်ထွေးတော့ ဖြေရခက်တာကိုး။ ဒါပေမယ့် သူတို့က ခင်ဗျားကို " အွန်လိုင်းလက်လီစီးပွားရေးလေး စတုန်းက ပထမဆုံးလုပ်ခဲ့တဲ့ အဆင့်လေးတွေ ရှင်းပြပေးလို့ရမလား" လို့ မေးလာရင် ခင်ဗျားက ပိုထိရောက်တဲ့အဖြေမျိုး ပေးနိုင်ပြီလေ။"
ဟွမ်ပြောချင်တာက လူငယ်တွေ AI Prompting ထုတ်တာဘက် ကျွမ်းကျင်အောင် လေ့လာထားဖို့ပါပဲ။ AI ကို အင်မတန်တော်တဲ့ ကလေးတစ်ယောက်လို သဘောထားပြီး ကိုယ်အသုံးချလိုတဲ့ နယ်ပယ်မှာ ကောင်းကောင်းခိုင်းနိုင်အောင် လုပ်ပေတော့လို့ သူက အကြံပေးထားတာပါ။ နောင်နှစ်တွေမှာ ဒီ Skills က ဘယ်အလုပ်အကိုင်အတွက်မဆို အကျိုးရှိတော့မှာမလို့ပါ။
အမေရိကန်မှာတော့ အသက် ၁၄ နှစ်ကနေ ၂၂ နှစ်ကြား လူငယ်တွေရဲ့ ၁၁% က Generative AI ကို တစ်ပတ်တစ်ကြိမ်/နှစ်ကြိမ်နှုန်း ပုံမှန်သုံးနေပြီလို့ ဆိုပါတယ်။ ကမ္ဘာကျော် Microsoft သူဌေးကြီး ဘီလ်ဂိတ်စ်ကလည်း AI ခေတ်ပြောင်းချိန်မှာ အလုပ်အကိုင်ပေါင်းများစွာကို AI နဲ့ အစားထိုးတော့မယ်လို့ သတိပေးထားပါတယ်။

image