6 w - Translate

ဂုတ်ကြီးမက်ဆီတို့လည်း တော်တော်လေးအခြေအနေဆိုးနေပြီ။ နောက်ဆုံး ၇ ပွဲမှာ ၁ပွဲပဲနိုင်ပြီး ၅ပွဲတောင် ရှုံးထားတယ်။ ဒီမနက်လည်း အော်လန်ဒိုစီးတီးကို အိမ်ကွင်းမှာတင် ၃ ဂိုးပြတ်နဲ့ ရှုံးသွားတယ်။ မာရှေရာနိုကို ခေါ်ပြီး ဘာကာအသင်းဖော်ဟောင်းတွေ နည်းပြနဲ့ ကစားသမားအဖြစ် လက်တွဲခါမှ ပိုတောင်ဆိုးနေပြီ။
ဂုတ်ကြီးလည်း တိုင်ပတ်နေတယ်။ တွဲကစားရတဲ့သူတွေနဲ့ ဘယ်လိုမှကို အဆင်မပြေဘူး။ ဘောလုံးလယ်ဗယ်ချင်းကွာတာ၊ ဦးနှောက်ချင်းကွာတာတွေပါ။ ဒီကြားထဲမှာမှ ဆွာရက်ဇ်တို့က သက်ကျားအိုကြီးတွေဖြစ်နေတာဆိုတော့ သွားရော။ ဒီနှစ်လည်း မေဂျာလိဂ်ဖလားက ရမယ်မထင်ဘူး။
ဖလားရဖို့ထက် ပလေးအော့ကစားခွင့်ရဖို့ကိုတောင် မနည်းလုပ်ရမယ့်သဘောပဲ။ မာရှေရာနိုလည်း ဖိအားတွေများနေပြီ။ သူ့ကို အားကိုးပြီး ခေါ်လိုက်ကာမှကို ပိုဆိုးနေတာမို့ ဘက်ခမ်းလည်း စိတ်ညစ်နေလောက်ရော့မယ်။

image