တကယ်တော့ ရှောက်သီး မဟုတ်ဘဲ ရှောက်သီးအစား ဂျပန်မှာ နွေရာသီဆို စူပါမှာတွေ့ရတတ်တဲ့ Lemon 🍋 သုပ်စားတာပါ။ရှောက်သီးသုပ်လို့ဘဲ ခေါ်လိုက်ပါမယ်နော်☺️
📝ရှောက်သီးသုပ်နည်းလေးကတော့
🍋ပထမဆုံး Lemonသီးကို အခွံခွါပြီး စိတ်ရှည်ရှည်နဲ့ အထဲက အမွှာလေးတွေကို အသာယာလေးထုတ်ပါတယ်။
🍋ပြီးရင်တော့ ကြက်သွန်ခရမ်းရောင်တစ်လုံး အခွံခွါ ပါးပါးလှီး ရေဆေးထားပါတယ်။
🍋ဂေါ်ဖီပါးပါးလှီးထားပြီးသား Readymade salad တစ်ဝက်ကျန်နေသေးတာထည့်ပါတယ်။
🍋အရသာအတွက်ကတော့ ကြက်သွန်ဖြူဆီချက်လေး ထမင်းစားဇွန်း ၂ဇွန်းလောက်ရယ် ၊ ပုစွန်ငပိထောင်းအနည်းငယ်ရယ်၊ ငါးအသားမှုန့် လက်ဖက်စားဇွန်း ၃ဇွန်းလောက်ရယ်ဘဲအရင်ထည့်ပြီး စောနကပြင်ဆင်ထားတဲ့ပါဝင်ပစ္စည်းတွေနဲ့ သမအောင်ရောနယ်ပေးလိုက်ပါတယ်။
🍋အရသာကတော့ မိမိစိတ်ကြိူက်ပြင်ဆင်ကြပါနော်
🍋Amelia ကတော့အချဉ်ကြိုက်လို့ အရသာအတွက် အပေါ်မှာရေးထားတဲ့ ပမာဏလေးတွေနဲ့ သုပ်လိုက်တာ ကွက်တိပါဘဲ
🍋Kernel က အစပ်မစားရတော့ သူ့အတွက် ငရုတ်သီးမှုန့် မထည့်ဘဲအရင်သုပ်ထားတဲ့ထဲက နည်းနည်းဖယ်ပေးလိုက်ပါတယ်။
🍋ကျန်တာကိုတော့ ငရုတ်သီးမှုန့်အနည်းငယ်ထည့်ပြီး ရောနယ်ပေးလိုက်ပါတယ်။
🍋ထိမိနေတာဘဲ စားလို့ကောင်းချက် Zukini ဟင်းရည်လေးနဲ့ဆိုတော့ ဂွတ်ရှယ်ဘဲ 😋
🍋ကြိုက်နှစ်သက်ရင် လိုက်လုပ်စားကြည့်ကြပါနော် 💕
