သခွပ်ပင်
အပွင့်
၁။ ရှေးကတည်းကကလေးတွေကို
ရောဂါကင်း။ကိုယ်တွင်းအဆိပ်
ကင်းသည်ဆိုကာသုပ်ကျွေးသည်
၂။ အပွင့်ကိုရေနွေးဖျောရုံဖြင့်ကျက်
သည်။အခြောက်ဆိုရင်ပြုတ်ရ
သည်။အခြောက် အရောင်မဲနေ
သည်မှလွဲ၍အရသာမပြောင်းပါ။
၃။ ဘီပိုး။စီပိုး ပျောက်သည်ဆိုကာ
တော်တော်များများအပွင့်သုပ်စား
နေကြသည်။
၄။ ဈေးတွင်ဟင်းရွက်တန်း၌ရောင်း
ချနေကြပါသည်။တို့စားစရာအ
ဖြစ်လည်းသုံးသည်။
#အရွက်
၁။ အရွက်နုကိုဟင်းခါးချက်သောက်
ကြသည်။
၂။ ကလေးများရေကျောက်ပေါက်
လျှင် အရွက်ပြုတ်တိုက်သည်။
၃။ တကိုယ်လုံးညောင်းညာကိုက်ခဲ
လျှင်၄င်း။ကလေးများကျန်းမာ
ရေးအတွက်၄င်း။အရွက်ပြုတ်
ရေ ဖြင့်ရေချိုးကြသည်။
၄။ ဆိတ်ကို မြွေစိမ်းမြီးခြောက်ကိုက်
လျှင် ခေါင်းတခုလုံးရောင်။မျက်
လုံးပိတ်။ငါးရက်ခန့်ကြာမှကောင်း
သော်လည်း အရွက်ကျွေးပါက
တရက်နှင့်ပျောက်သည်။

image