6 w - Translate

၀ဋ်ကြွေးဆိုတာ ကျိန်စာမဟုတ်ပါ🌸
သူတစ်ပါးအကြောင်း ဝေဖန်တော့မယ်ဆိုရင်
မိမိကရော ဒီလိုအဖြစ်မျိုးတွေနဲ့
လွတ်ကင်းနိူင်လား
အရင်စဥ်းစားဖို့လိုပါတယ်။
ဖြစ်ချိန်တန်ဖြစ်
ပျက်ချိန်တန်ပျက်နေတဲ့
လောကကြီးထဲမှာ
အကြောင်းတရားတွေရှိခဲ့လို့
အကျိုးတရားတွေဖြစ်လာကြတာပါ။
ဘယ်သူကမှ အကောင်းတွေချည်း
သီးသန့် ရမနေသလို
ဘယ်သူကမှ အဆိုးတွေချည်း
သီးသန့်ဖြစ်နေတာမဟုတ်ပါဘူး။
ကိုယ့်ကံအကြောင်း
အကောင်းအဆိုးကြောင့်သာ
မဖြစ်ချင်လည်း... ဖြစ်လိုက်ရတဲ့
ဘဝပေးအခြေအနေတွေဆိုတာရှိလာကြတယ်။
ဒါကိုပဲ ကိုယ်တိုင်မကြုံတော့ဘူးအထင်နဲ့
သူများမကောင်းကြောင်း
ကိုယ့်ကောင်းကြောင်းပြောပြီး
ပါးစပ်အရသာခံလို့ ကောင်းနေတုန်းလား!!!
ဝဋ်ကြွေးဆိုတာ
ကျိန်စာမဟုတ်ဘူးဆိုတာ မမေ့ပါနဲ့။
တစ်ချိန်ချိန်မှာ
ကိုယ်တိုင် မကြုံဘူးဆိုတာမရှိပါဘူး။
နှုတ်ကြောင့်ရှင်နှုတ်ကြောင့် သေ" ဆိုတဲ့စကားအရ
သင့်အတွေးကြောင့်
သင့်နှုတ်ကထွက်တဲ့စကားတိုင်းက
သူတစ်ပါးကို
ထိထိမိမိ အနိူင်ပိုင်း လိုက်ရတယ်ဆိုပေမယ့်
ကိုယ့်ဆီကိုလှည့်လာမယ် မြှားတစ်စင်းဖြစ်နေတတ်ပါတယ်
ဒါကြောင့် လူအများကြားသွားတဲ့အခါ
နားပဲယူသွားပါ
ပါးစပ်ကိုအိမ်မှာထားခဲ့ပါ။
ကြားသမျှစကားတိုင်းကိုလည်း
အမှားအမှန် ဝေဖန်ပိုင်းခြားပြီး
ယူသင့်တာယူပြီး
မယူသင့်တာဆို ချန်ခဲ့ပါ
တစ်ချို့ စကားတွေက ကြားရသူတိုင်းအတွက်
အဆိပ်ဖြစ်နေတတ်ပါတယ်။
စကားပြောတိုင်း သေချာဆင်ချင်သုံးသပ်ပါ
သူများအကြောင်းဝေဖန်တော့မယ်ကြံတိုင်း
ကိုယ့်အကြောင်းကိုယ်ပြန်စစ်ပါ
စကားတိုင်း ချိုသာဖို့မလိုပါဘူး
တစ်ဖက်သူအတွက် မနစ်နာဖို့ပဲလိုတယ်။
ကြားတိုင်း ပြောဖို့မလိုပါဘူး
မှန်ပြီး အကျိုးမရှိရင်
နှစ်ဦးနှစ်ဖက်စလုံးအတွက်မကောင်းဘူး။
မှားတာရှိရင် ထောက်ပြပါ
အမှန်ရအောင်ပြင်ဖို့ အသိတရားမျှဝေပါ
ဒါပေမယ့်
ကဲ့ရဲ့တာနဲ့ ဝေဖန်ထောက်ပြတာ ကွဲပြားပါစေ။
ဝေဖန်,ကဲ့ရဲ့,ပြစ်တင်ဝေဖန်ခြင်းရဲ့
နောက်ကွယ်မှာ
ဝဋ်ကြွေးတွေပါနေတတ်တယ်။

image