ကောင်းတာ ပြောလည်း ဒီပါးစပ်
မကောင်းတာ ပြောလည်း ဒီပါးစပ်မို့
နှုတ်စည်းစောင့်ဖို့ လိုပါတယ် ။
ကိုယ်က ဘာရယ်မဟုတ် ပြောလိုက်ပေမယ့်
တစ်ဖက်လူမှာ ခံရခက်ပါတယ် ။
ကိုယ့်ရဲ့ စကားတစ်ခွန်းကြောင့်
လူ တစ်ဖက်သား နစ်နာသွားတာမျိုး
သိက္ခာကျမယ့် အဖြစ်မျိုး
ဘယ်တော့မှ မလုပ်မိ မပြောမိပါစေနဲ့ ။
အကောင်းမြင်စိတ်နဲ့ မကြည့်နိုင်ရင်တောင်
ကိုယ့်ကြောင့် တစ်ဖက်လူ
ဒုက္ခရောက်မယ့် အဖြစ်မျိုးနဲ့
ချောက်ထဲ တွန်းမချမိပါစေနဲ့ ။
#ခမ်း

image