၁၉၆၉ ခုနှစ်က လူသားသမိုင်းမှာ အမေရိကန်နိုင်ငံက လပေါ်မှာ စတင် ခြေလှမ်းချနိုင်ခဲ့တာဟာ ၁၉၆၀ ခုနှစ်များဆီက space race လို့ခေါ်တဲ့အမေရိကန်နိုင်ငံနဲ့ ဆိုဗီယက်နိုင်ငံ နှစ်နိုင်ငံရဲ့ အာကာသယှဉ်ပြိုင်မှု ရဲ့အကျိုးဆက်ကြောင့်ပါ။
ဒီယှဉ်ပြိုင်ပွဲမှာ ကနဦးအသာစီးရခဲ့တာ ဒုံးပျံနည်းပညာအားကောင်းခဲ့တာဆိုဗီယက်နိုင်ငံဖြစ်ပေမယ့် နောက်ဆုံးလပေါ်ကို လူသားခြေလှမ်းစတင်လှန်းနိုင်ခဲ့တာတော့ အမေရိကန်န်ိုင်ငံဖြစ်ခဲ့ပါတယ်။
၁၉၉၀ နောက်ပိုင်းမှာ ဆိုဗီယက်နိုင်ငံပြိုကွဲသွားတာနဲ့အတူ space race အားပြိုင်မှုတွေဟာတဖြေးဖြေးနည်းလာပြီး အသစ်ထွက်ပေါ်လာတဲ့ ရုရှားနိုင်ငံနဲ့ အမေရိကန်နိုင်ငံနှစ်နိုင်ငံတို့ဟာ သီးခြားစီယှဉ်ပြိုင်နေကြတာထက် အတူတကွ ပူးပေါင်းပြီး နိုင်ငံတကာ အာကာသစခန်း ISS လိုမျိုး လူသားသမိုင်းမှာ အမှတ်ရစရာ အောင်မြင်မှုကို ပုံဖော်နိုင်ခဲ့ကြပါတယ်။
ဒါပေမယ့် လာမယ့်ဆယ်စုနှစ်ပိုင်းတွေမှာ တော့ ကျွန်တော်တို့ဟာ နောက်ထပ်ပုံစံ မတူညီတဲ့ space race ယှဉ်ပြိုင်မှု တွေကို ထပ်မံမြင်တွေ့ရဖွယ်ရှိနေပါတယ်။
ဒီတစ်ခါအတွက် ပြေးလမ်းထဲကို ဝင်လာမယ့် ဇာတ်ကောင်နှစ်ယောက်က အရင်တုန်းက space race ပွဲမှာ နှာတစ်ဖျားသာခဲဲ့တဲ့ အမေရိကန်နဲ့ နောက်တစ်ယောက်က အခုဆယ်စုနှစ်ပိုင်းမှာ အာကာသသိပ္ပံတိုးတက်ရေးကို ပိုအာရုံစိုက်လာတဲ့ တရုတ်နိုင်ငံတို့ဖြစ်လာပါတယ်။
ဒါပေမယ့် ဒီတစ်ခါ လပေါ်သွားမယ့် ယှဉ်ပြိုင်မှုမဟုတ်တော့ပဲ ကမ္ဘာနဲ့ မိုင်ပေါင်း၁၄၅ သန်းကွာဝေးတဲ့ အင်္ဂါဂြိုလ်ဆီကိုဖြစ်ပါလိမ့်မယ်။
ပြီးခဲ့တဲ့ရက်ပိုင်းအနည်းငယ်က အမေရိကန်နိုင်ငံက ကြယ်တာရာလေ့လာသူများဟာထူးဆန်းတဲ့ အလင်းတန်းတစ်ခုကို မြင်တွေ့လိုက်ရပါတယ်။
မြောက်ဘက်မိုးကုတ်စက်ဝိုင်းမှာ မှိန်ဖျော့ဖျော့မြင်နေရတဲ့ အော်ရိုရာအလင်းတန်းတွေရဲ့အလှကို ကြည့်ရူလေ့လာနေကြသူများဟာ ရုတ်တရက်ဆိုသလို ထိန်လင်းတောက်ပတဲ့ အလင်းတန်းကြီးတစ်ခုဟာ ကောင်းကင်မြင့်မြင့်ကနေ မိုးကုတ်စက်ဝိုင်းဆီကို ဒုံးပျံတစ်စင်း ကမ္ဘာ့လေထုထဲပြန်ဝင်လာတဲ့မြင်ကွင်းလိုမျိုး တန်းဆင်းသွားတာကို မြင်လိုက်ကြရပါတယ်။
ဒါပေမဲ့ ဒီရင်သပ်ရှုမောဖွယ် အလင်းတန်းကြီးကတော့ Aurora အလင်းတန်း မဟုတ်ခဲ့ပါဘူး။ နောက်ပြီး လူတွေသိထားတဲ့ လျှို့ဝှက်ဆန်းကြယ်လှတဲ့ ကောင်းကင်အလင်းတန်းတစ်မျိုးဖြစ်တဲ့ "STEVE" (Strong Thermal Emission Velocity Enhancement) လည်း မဟုတ်ပြန်ပါဘူး။
ဒါဆိုရင် ညကောင်းကင်ကြီးကို ဒီလိုထူးခြားတဲ့အရောင်ခြယ်မှုန်းသွားတာ ဘာကြီးပါလိမ့်?
သဲလွန်စတွေကတော့ လူလုပ်တဲ့အရာတစ်ခုဆီကို ညွှန်ပြနေပါတယ်... ဟုတ်ပါတယ်။ အဲ့ဒါကတော့ တရုတ်နိုင်ငံကနေ လွှတ်တင်လိုက်တဲ့ ဒုံးပျံတစ်စင်းပါပဲ။
ဒီအလင်းတန်းကြီးမပေါ်ခင် တစ်နာရီလောက်အလို (UTC စံတော်ချိန် ၅:၃၉ နာရီ) မှာ၊ တရုတ်နိုင်ငံရဲ့ ဒုံးပျံကုမ္ပဏီ Landspace က သူတို့ရဲ့ ZhuQue-2E ဒုံးပျံကို ကျိုချွမ်ဂြိုဟ်တုလွှတ်တင်ရေးစခန်းကနေ (UTC စံတော်ချိန် ၄:၁၂ နာရီ) အာကာသထဲကို အောင်မြင်စွာပစ်လွှတ်ခဲ့ပါတယ်။
ဒီစွမ်းအားမြင့်ဒုံးပျံကြီးဟာ သာမန်ခရီးစဉ်တော့မဟုတ်ပါဘူး။ သူက အဆင့်မြင့်ရေဒါစနစ်တွေ၊ အာကာသသိပ္ပံဆိုင်ရာစူးစမ်းလေ့လာရေးယာဉ်ငယ်တွေအပါအဝင် ဂြိုဟ်တုခြောက်စင်းကို ကမ္ဘာပတ်လမ်းထဲကို သယ်ဆောင်သွားခဲ့တာဖြစ်ပါတယ်။
ဒုံးပျံက သူ့ရဲ့လမ်းကြောင်းကိုညှိဖို့ အင်ဂျင်ကိုမောင်းနှင်လိုက်တဲ့ "de-orbit burn" (ကမ္ဘာပတ်လမ်းမှဆင်းရန် အရှိန်လျှော့ခြင်း) ကြောင့်အလင်းတန်းပေါ်လာတာဖြစ်နိုင်သလို၊ သယ်ဆောင်လာတဲ့ဂြိုဟ်တုတွေကို သတ်မှတ်ထားတဲ့ပတ်လမ်းကြောင်းထဲကို တိတိကျကျရောက်အောင် အင်ဂျင်တွန်းကန်ပြီး နေရာချပေးတဲ့ "circularization burn" (ပတ်လမ်းကြောင်းမှန်သို့ရောက်အောင် ညှိနှိုင်းခြင်း) ကြောင့်အခုလ်ို အလင်းတန်းမျိုးကိုမြင်လိုက်ရတာ ဖြစ်နိုင်ပါတယ်။
ZhuQue-2E ဒုံးပျံကို တကယ်စိတ်လှုပ်ရှားစရာဖြစ်စေတဲ့အချက်ကတော့ သူအသုံးပြုတဲ့လောင်စာပါပဲ။ အဲ့ဒါကတော့ အရည်အောက်ဆီဂျင်နဲ့ အရည်မီသိန်းဓာတ်ငွေ့ကို ပေါင်းစပ်ထားတဲ့ "methalox" (မက်သလောက်စ်) လို့ခေါ်တဲ့ လောင်စာအမျိုးအစားသစ် ဖြစ်ပါတယ်။
#ဆက်ရန်

image