7 w - Translate

❝ ငါဟာ ငါ မဖြစ်ခဲ့ဘူးဆိုရင်
တွမ် အင်န် ဂျယ်ရီ ဖြစ်ချင်တယ်။
ဘယ်သူကလိုက်လိုက်
ဘယ်သူကပြေးပြေး
အားလုံးကို အပြုံးဆေး ကျွေးနေရရင်
ပြတ်သွားတဲ့ လက်တွေ ပြန်ဆက်မယ်
ကွဲသွားတဲ့ ခေါင်းတွေ ပြန်ကောင်းမယ်
ဆယ်ပေါင်တူကြီးနဲ့ ထုပြီး
ပုသွားတော့လည်း ပြန်ရှည်မယ်
နာကျင်ရလွန်းလို့ ထွက်သွားရတဲ့
ကြယ်တွေလည်းပဲ
ပြန်လည်ချိတ်ဆွဲ တောက်ပမယ်။
တွမ် အင်န် ဂျယ်ရီ ဆိုတာ
အမြောက်ထဲ ထည့်ပစ်ခံရပြီး
ပြန်လာနိုင်ကြတဲ့ သူရဲကောင်းတွေပဲ ❞
• သုခမိန်လှိုင် •

image