"ရုပ်ရှင်နဲ့ Fashion တွဲဖက်မှု"
(မိန်းကလေးတွေ အဓိက ဖတ်သင့်ပါတယ်။)
ရုပ်ရှင်တွေ ရဲ့ impact၊ သက်ရောက်မှုက ကြည့်ရှု့သူအပေါ် သက်ရောက်မှုကြီးမားတယ်။ အထူးသဖြင့် စိတ်နေ၊ကိုယ် နေဟန်ထား၊ စကားပြောပုံ၊ လောကကြီးက်ိုမြင်ပုံ၊ အချစ်ရေးနဲ့ အရေးကြီးဆုံးက Fashion ပဲ ဒါပေမဲ့ Fashion ရုပ်ရှင်တွေထဲကမှ စာဖတ်သူတို့ ကြည့်ရှု့ဖူးတဲ့ ရုပ်ရှင်၂ကားနဲ့ ယှဉ်ပြချင်တယ်။
Clueless ကတော့ Rom-Com, Tenneger ရုပ်ရှင်ကိုမှ Fashion အပြည့်အဝနဲ့ နေချင်တဲ့ မိန်းကလေးအကြောင်း 1990 နှောင်းပိုင်းကာလ ဆိုတော့ သူတို့ ရုပ်ရှင်က Fashion မျိုးအမျိုးသမီးတွေ မဝတ်ရဲကြဘူး။ ဒီရုပ်ရှင်ထွက်မှသာ ဝတ်ရဲဆင်ရဲလာတယ်။ Fashion နဲ့ဝတ်စားဆင်ယင်ပုံက လူတစ်ချို့အတွက် ဘယ်လောက်လိုအပ်သလည်းဆိုတာနဲ့ သင်ဟာအသားမဲနေလည်း ပန်းရောင်/အနီ မလိုက်ဖက်တဲ့အရောင်ကိုဝတ်ဆင်နိုင်တယ်။ သင့်ကို သင်သာပိုင်တယ်ဆိုတဲ့ Mind set ထည့်ပေးသွားတယ်။ ဒီရုပ်ရှင်အပြီးမှာ Mainstream Brand တွေက နာမည်ကြီးသွားတယ်၊ မိန်းကလေးတွေက ဈေးကြီးလည်း luxury ဆိုတာတွေကို မတ်မောလာတာ တွေ့ရတယ်။ Preppy, Girly pop fashion က ဒီရုပ်ရှင်ကြောင့်ခေတ်စားလာတယ်။ Mini skirt, high knee socks တွေရောင်းအားတက်လာပါတယ်။
Devil wear's prada ကတော့ ပြောစရာလိုမယ်မထင်ဘူး။ ဒီရုပ်ရှင်ကြောင့် Prada က ထိုခေတ်က အမျိုးသမီး crazy ဖြစ်ခဲ့ရပြီး လူလတ်တန်းစားတွေတောင် ဝယ်ယူ ဝတ်ဆင်လာကြတယ်။ High Fashion နဲ့ Designer ချုပ်တွေက ခေတ်စားသွားတယ်။ နောက်ပြီး ကိုယ့်ရဲ့ ဝတ်စားဆင်ယင်မှု၊ Fashion ဟာ ပြောင်းရင်ပြောင်းသလို ကိုယ့်ကိုလူတွေထင်မြင်မှုဟာ ပြောင်းလဲနိုင်တယ်ဆိုတာကို Anne Hathaway Character က သက်သေပြသွားတယ်။ Fashion Blogging တွေ က Mainstream ပေါ်နဲ့ career path တစ်ခုဖြစ်လာတယ်။ Fashion Magazine လို Variety, Vogue ကို ဒီရုပ်ရှင်အပြီး မိန်းကလေးတော်တော်များများက အလုပ်လျှောက်ခဲ့ကြပါတယ်။ Worldwide Fashion တွေကိုမြင်ခဲ့ရတာကြောင့် fashion အမြင်ပိုများလာကြပြီး Mainstream brand တွေကို ဝင်ဆင်လာကြပါတယ်။
ကိုယ်က မင်ဂလာဆောင်ကို အမဲဝတ်စုံနဲ့ပွဲတက်လို့မရသလို အသုဘကိုလည်း အနီဝတ်လို့မရပါဘူး။ သူ့နေရာနှင့်သူ သင့်တော်တာဝတ်သင့်ပြီး သင်တော်အောင်ဝတ်တက်ဖို့လည်း ဒီလိုရုပ်ရှင်၊ brand နဲ့ Fashion magazine တွေကနေတဆင့်လေ့လာနိုင်ပါတယ်။ ကိုယ့် fashionတစ်မျိုးစီ ကြောင့်လူတွေကိုယ့်ကို မြင်ပုံဟာ အမြဲတမ်းဆန်းသစ်စေပါတယ်။ ဥပမာ ကိုယ်ကြိုက်နေတဲ့ ကောင်မလေးကို ကိုယ့်‌သူငယ်ချင်းနဲ့ ပါခေါ်ပြီး ၃ယောက်သား ပန်းခြံသွားတယ် သင်က JJ၊ ခြေညှပ်၊ နဲ့ t shirt ပဲ။ သင့်သူငယ်ချင်းက baggy jeans ကိုမှ belt အကောင်းစား၊ Jordan shoes sweater ကိုမှ jacket, coat ဝတ်လာရင် သင့် crush ဘယ်သူ့ကိုရွေးမှာလည်း??
ဒါ့ကြောင့် fashion ဆိုတာသင့်အတွက်အရေးကြီးပြီး casual နေရာ casual လိုဝတ်သင့်ပြီး formal နေရာ formal လိုဝတ်သင့်ပါတယ်။

image