Apple - 1 : Samsung - 0 ဖြစ်တော့မလား 👀
.
ဒီနှစ်မှာ ဖုန်းအပါးတွေကို အပြိုင်အဆိုင်ထုတ်ကြမှာဖြစ်ပြီး အခုဆို Samsung ကနေ အစောဆုံးအနေနဲ့ Galaxy S25 Edge ဖုန်းကို အထူ 5.8mm နဲ့ မိတ်ဆက်ထားပြီးဖြစ်ပါတယ်။
အဲ့အပြင် လာမယ့် စက်တင်ဘာလဝန်းကျင်မှာ Apple ကနေ iPhone 17 Air ကိုပါ မိတ်ဆက်ဖို့ စီစဥ်နေပြီး အထူက 5.5mm ပဲရှိတာကြောင့် Galaxy S25 Edge ထက်တောင် ပိုပါးလွှာမှာပါ။
ဒါပေမယ့် iPhone 17 Air ဖုန်းကို ဒီလောက်ပါးအောင်ထုတ်မယ်ဆိုတော့ Battery ခံပါ့မလားဆိုတဲ့ မေးခွန်းတွေရှိနေပြန်ပါတယ်။ အရှေ့ပိုင်းမှာ ထွက်ထားတဲ့သတင်းတွေအရဆိုရင် Apple ကိုယ်တိုင်က တခြား ပုံမှန် iPhone တွေလောက် Battery အသုံးခံမှာမဟုတ်ဘူးဆိုပြီး ခန့်မှန်းထားသလို Battery Case ကိုပါ တွဲဖက်ရောင်းချဖို့ စီစဥ်နေတာဖြစ်ပါတယ်။
အခုနောက်ဆုံးသိရတဲ့သတင်းတစ်ခုအရ iPhone 17 Air ဖုန်းဟာ Apple အတွက် ပထမဆုံးအနေနဲ့ Advanced Silicon-Anode Battery နည်းပညာကို အသုံးပြုလာဖို့ များနေပြီဖြစ်ပါတယ်။
ဘာကြောင့်လဲဆိုရင် Apple ရဲ့ Japanese Supplier ဖြစ်တဲ့ TDK ကုမ္ပဏီဟာ လာမယ့် ဇွန်လအတွင်းမှာ Next Generation Silicon-Anode Battery တွေကို တင်ပို့သွားဖို့ ပြင်ဆင်နေတာဖြစ်ပါတယ်။ TDK ရဲ့ CEO ကိုယ်တိုင်ကလည်း ပုံမှန်ထက်ထုတ်လုပ်မှုပိုမြန်ဆန်လာတာကြောင့် တချို့ဖုန်းထုတ်လုပ်သူတွေဟာ Generation တစ်ခုပိုစောပြီး ဒီ Silicon-Anode Battery အသစ်တွေကို အသုံးပြုနိုင်မယ်လို့ ပြောကြားထားပါတယ်။
TDK ရဲ့ နောက်ဆုံးမိတ်ဆက်ထားတဲ့ Silicon-Anode Battery တွေဟာ သာမန် Battery တွေထက် အရွယ်အစားအတူတူကို Capacity ၁၅ ရာခိုင်နှုန်း ပိုများအောင် ထည့်သွင်းနိုင်မှာဖြစ်ပါတယ်။ အစောပိုင်းတုန်းက Bloomberg Media မှ Mark Gurman ကလည်း iPhone 17 Air ဖုန်းက Hardware နဲ့ Software Optimization တွေကြောင့် လက်ရှိ iPhone တွေအတိုင်း Battery Life အတူတူလောက်ပဲ ရှိမယ်ဆိုပြီးလည်း ပြောခဲ့ဖူးပါသေးတယ်။
တကယ်လို့သာ iPhone 17 Air ဖုန်းမှာ Silicon-Anode Battery တွေကို ပထမဆုံးအသုံးပြုလာမယ်ဆိုရင် တခြား Apple ရဲ့ ကိုယ်ပိုင် C1 Modem Chip ၊ A19 Chip အပြင် iOS 19 မှာအသစ်ပါလာမယ့် Battery Intelligence လို Optimization Feature အသစ်တွေကြောင့် ပါးပေမယ့် Battery ခံတဲ့ဖုန်းတစ်လုံးတောင် ဖြစ်လာနိုင်တယ်...။
ပုံမှန် iPhone တွေလောက်သာ Battery အသုံးခံအောင်လုပ်နိုင်ရင် iPhone 17 Air က အောင်မြင်တော့မလားပဲ 👀
