7 ပတ် - ဘာသာပြန်ပါ။

ဒီတစ်ခါတော့ Xiaomi တကယ်ကြမ်းပြီလား..? 👀
.
Xiaomi ကနေ အခုပဲ တကယ့် Chipset ထုတ်လုပ်တဲ့ကုမ္ပဏီတွေဖြစ်တဲ့ Qualcomm ၊​ MediaTek ၊​ Samsung နဲ့ Google တို့ကို ယှဥ်ပြိုင်ဖို့အတွက် ကိုယ်ပိုင် SoC (System on Chip) Platform အသစ်ကို မကြာခင်မိတ်ဆက်တော့မှာဖြစ်ပါတယ်။
အဆိုပါ Chipset SoC Platform အသစ်ရဲ့ နာမည်ကို XRING လို့ နာမည်ပေးထားပြီး ပထမဆုံးအနေနဲ့ XRING O1 Chipset ကို မိတ်ဆက်သွားမှာပါ။
ဆိုတော့ လောလောဆယ် Xiaomi XRING O1 SoC နဲ့ ပတ်သက်ပြီး သိရသလောက်ကို ဖော်ပြပေးလိုက်ပါတယ် -
# Xiaomi XRING O1 က တကယ်မိတ်ဆက်လိုက်ပြီလား..?
- အခုလောလောဆယ်မှာ Xiaomi ရဲ့ Co-founder/CEO - Lei Jun ကိုယ်တိုင် Weibo စာမျက်နှာမှာ Xiaomi ရဲ့ ပထမဆုံး ကိုယ်ပိုင် Smartphone Chip ဟာ "XRING O1" ဖြစ်မယ်လို့ ပြောကြားခဲ့တာဖြစ်ပြီး တခြား အသေးစိတ်တွေကို မသိရှိရသေးပါဘူး။
# Xiaomi XRING O1 ကို ဘယ်အချိန်မှာ မိတ်ဆက်မလဲ..?
- CEO Lei Jun ကတော့ Xiaomi ကနေ အခု XRING O1 Chip အကြောင်း အသေးစိတ်ကို မေလကုန်ပိုင်းမှာ တရားဝင် Event ပြုလုပ်ပြီး မိတ်ဆက်သွားမယ်လို့ ပြောထားပါတယ်။
တစ်ခုရှိတာက XRING O1 Chip ကိုပဲ​ မိတ်ဆက်မလား၊​ တွဲဖက်ပြီး သုံးလာမယ့် စမတ်ဖုန်းကိုပါ ပြိုင်တူမိတ်ဆက်မလားမသိရသေးပါဘူး။
# XRING O1 နဲ့ ပတ်သက်ပြီး ဘာတွေသိထားပြီးပြီလဲ..?​
Xiaomi XRING O1 က ကျိန်းသေတာက TSMC ကနေ ထုတ်လုပ်ပေးထားတဲ့ Chipset တစ်ခုဖြစ်လာမှာဖြစ်ပြီး 5nm (သို့) 4nm (N4P) Node ကို အခြေခံထားမှာဖြစ်ပါတယ်။​
Chipset Specification တွေအနေနဲ့ Octa-Core အမျိုးအစားဖြစ်ပြီး 1+3+4 Configuration ဖြစ်မယ်လို့ သိရပါတယ်။ ဒါကြောင့် 3.2GHz Cortex-X925 High Performance Core (၁) လုံး၊​ 2.6GHz Cortex-A725 Core (၃) လုံးနဲ့ 2.0GHz Cortex-A520 Core (၄)​ လုံး ပါဝင်မှာဖြစ်ပါတယ်။​
GPU ပိုင်းအတွက် Imagination Technologies IMG DXT72 GPU အမျိုးအစားကို အသုံးပြုထားမှာဖြစ်ပြီး Clock Speed အနေနဲ့ 1.3GHz ရှိမယ်လို့ သိရပါတယ်။​ ယခု GPU ဟာ စွမ်းဆောင်ရည်ပိုင်းအနေနဲ့ Snapdragon 8 Gen 2 Chipset ရဲ့ Adreno 740 GPU ထက် ပိုပြီး သာလွန်မယ်လို့ သတင်းထွက်နေပါတယ်။​
# Xiaomi XRING O1 က ဘယ်လို Chipset မျိုးဖြစ်လာနိုင်မလဲ..?
- ကျိန်းသေတာတစ်ခုက Xiaomi XRING O1 ဟာ လက်ရှိအကောင်းဆုံး Chipset တွေဖြစ်တဲ့ Snapdragon 8 Elite ၊ MTK Dimensity 9400 နဲ့ Apple A18 Pro လို Chip တွေကို ယှဥ်ပြိုင်နိုင်ဦးမှာ မဟုတ်လောက်သေးပါဘူး။
အဲ့ဒီအစား Snapdragon 8 Gen 2 နဲ့ 8 Gen 3 ဝန်းကျင်လောက်မှာပဲ​ရှိဦးမယ်လို့ ခန့်မှန်းရပါတယ်။
ထူးခြားချက်အနေနဲ့ Xiaomi ဘက်ကနေ အခု XRING O1 Chipset ကို ထုတ်ဖို့အတွက် နှစ်ပေါင်း (၁၀) နှစ်ဝန်းကျင်လောက်အထိ အချိန်ယူကြိုးစားနေတယ်လို့ သိရတာကြောင့် နောက်ပိုင်းမှာ Apple ၊​ Google နဲ့ Huawei လိုမျိုးပဲ ကိုယ်ပိုင် Chipset ကိုပဲ​ အသုံးပြုဖို့အထိ စိတ်ကူးထားပုံရပါတယ်။
# Xiaomi XRING O1 ကို ဘယ်ဖုန်းမှာအရင်ဆုံးမြင်ရမလဲ..?
- အခုသတင်းထွက်နေသလောက်ဆိုရင် Xiaomi 15s ဖုန်းအသစ်မှာ ပထမဆုံးထည့်သွင်းထားပြီး မိတ်ဆက်မှာဖြစ်ပါတယ်။
-
ဒါပေမယ့် Xiaomi ရဲ့ ပထမဆုံး Smartphone Chip လို့ဆိုတာကတော့ နည်းနည်းထူးဆန်းနေတယ် - ဘာကြောင့်လဲဆိုတော့ လွန်ခဲ့တဲ့ ၂၀၁၇ တုန်းက Xiaomi Surge S1 ဆိုပြီး Xiaomi Mi5c ဖုန်းမှာလည်း ကိုယ်ပိုင် Chipset ကို ထုတ်ပြ၊ အသုံးပြုခဲ့သေးတယ်။​
အဲ့ဒီတုန်းကတော့ Surge S1 Chipset က 28nm Architecture ပေါ်မှာပဲ တည်ဆောက်ခဲ့တာဖြစ်ပြီး အခုလိုမျိုး လုံးဝ ကိုယ်ပိုင်နည်းပညာတွေနဲ့ အစအဆုံးထုတ်လုပ်တဲ့ Chip မဟုတ်လို့ပဲလားမသိ.. နောက်ပိုင်း Fail ပြီး ဆက်မသုံးတော့ပေမယ့် အခုတော့ XRING O1 နဲ့ တကြော့ပြန်ကြမ်းပြတော့မလား စောင့်ကြည့်ရမယ် 👀

image