7 ပတ် - ဘာသာပြန်ပါ။

လောကကြီးကို ဖျက်ဆိီးမယ်ဆိုရင်
ဒက်ဆီဘယ်လ် ၁၁၀၀ (1100 db) ထက် ကျယ်တဲ့ အသံကိုသာ ဖန်တီးမယ်ဆိုရင် Black Hole တွင်းနက်ကြီးတခု ဖြစ်ပေါ်လာပြီး ကမ္ဘာကိုသာမက နေအဖွဲ့အစည်းအပါအဝင် Milky Way ဂလက်ဆီ တခုလုံးကိုတောင် ဖျက်ဆီးပစ်လိုက်နိုင်ပါတယ်။
ဒါဟာ တွက်ချက်မှုများနဲ့သီအိုရီအရသာဖြစ်ပြီး လက်တွေ့မှာတော့ အဲ့လောက် db ရှိတဲ့ အသံကို ဖန်တီးဖို့ လုံးဝ လုံးဝ ဖြစ်နိုင်မှာ မဟုတ်ပါဘူး။ အဲ့ဒါများ ဘာလို့ တင်နေသေးလဲ မေးရင် ကောင်မလေးက ဒီပို့စ်မတင်ရင် စိတ်ကောက်မယ်ဆိုပြီး တင်ခိုင်းလို့ပါ။ 😁
[လက်ဆောင်]
ကမ္ဘာ့အကျယ်ဆုံး အသံများ
၁၀။ ရော့ခ်ဂီတ ဖျော်ဖြေပွဲတွေ
ရော့ခ်ဂီတ ဖျော်ဖြေပွဲက ထွက်တဲ့ အသံဟာ ၁၄၀ ဒက်ဆီဘယ်လ် လောက်ထိ ရှိနိုင်ပါတယ်။ (ဖန်ခွက်ရဲ့ Resonance frequency အတိုင်းဖြစ်မယ်ဆိုရင် ၁၀၅ ဒက်ဆီဘယ်လ်ဟာ ဖန်ခွက်ကို ခွဲနိုင်ပါတယ်)
၉။ မီးရှူးပန်း
မီးရှူးပန်းဖောက်တဲ့ အသံဟာ ၁၅၀ ဒက်ဆီဘယ်လ်ဝန်းကျင်ပါ။
၈။ သေနတ်သံ
သေနတ်သံဟာ အကြမ်းဖျင်း ၁၄၅-၁၅၅ ဒက်ဆီဘယ်လ် ရှိပါတယ်။
၇။ Dragsters ပြိုင်ပွဲတွေ
ပြိုင်ပွဲတွေထဲ အမြင့်ဆုံး မှတ်တမ်းတင်ထားနိုင်တဲ့ အသံကတော့ ၁၆၀ ဒက်ဆီဘယ်လ် ဖြစ်ပါတယ်။ လူတယောက်ကို ယိမ်းခါစေနိုင်တဲ့ အသံပါ။
၆။ အာကာသယာဉ် လွှတ်တင်ခြင်း
ကမ္ဘာကနေ ထွက်ခွါမယ့် အာကာသယာဉ်ကို လွှတ်တင်သံဟာ ၁၇၀ ဒက်ဆီဘယ်လ် ရှိပါတယ်။
၅။ ဝေလငါးပြာ အော်သံ
သူတို့အော်သံဟာ တိရစ္ဆာန်လောကမှာ အကျယ်ဆုံးပါတဲ့။ ဝေလငါး အထီးတကောင် သွေးသားဆန္ဒအရ မိတ်လိုက်ချင်လွန်းလို့ အော်တဲ့ အသံဟာ ၁၈၈ ဒက်ဆီဘယ်လ် ဖြစ်ပြီး ရေအောက်ကမ္ဘာ မိုင်ပေါင်းများစွာက ကြားရတယ်လို့ ဆိုပါတယ်။
၄။ ခရာကတိုအ မီးတောင်ပေါက်ကွဲမှု
၁၈၈၃ ခုနှစ် ဒီမီးတောင် ပေါက်ကွဲမှုဟာ ၁၈၀ ဒက်ဆီဘယ်လ် ထိ အမြင့်ဆုံး ရှိတယ်လို့ဆိုပြီး မိုင်ပေါင်း ၁၃၀၀ ကျော် (တချို့ မှတ်တမ်းအရတော့ မိုင်ပေါင်း ၃၀၀၀ ထိ ကြားရတယ်လို့ ဆို) ကနေ ကြားရပါတယ်။
၃။ TNT ဗုံး
Trinitrotoluene ဗုံး တတန် ပေါက်ကွဲခြင်းဟာ ၂၁၀ ဒက်ဆီဘယ်လ် ရှိတဲ့ အသံ ထွက်လာမှာ ဖြစ်ပါတယ်။
၂။ ငလျင်ကြီးလှုပ်တဲ့အခါ
ပြင်းအား ၅ အထက် ရှိတဲ့ ငလျင်လှုပ်တဲ့အခါ မြေအောက်က ရင်းမြစ်မှာ ထွက်နေတဲ့ အသံဟာ ၂၃၅ ဒက်ဆီဘယ်လ် ရှိပါတယ်။
၁။ Tunguska ပေါက်ကွဲမှု
မှတ်တမ်းများအရ ၁၉၀၈ ခုနှစ်မှာ အာကာသထဲက မီတာ ၅၀ခန့်ရှိတဲ့ ဥက္ကာခဲ ကမ္ဘာကို ဝင်လာပြီး လေထုထဲ ပွတ်တိုက်မှုကြောင့် ပေါက်ကွဲခဲ့တဲ့ အသံကနေ ၃၁၅ ဒက်ဆီဘယ်လ် ကျယ်တာကြောင့် အရှေ့ဆိုက်ဘေးရီးယား သစ်တောထဲမှာ ရှိတဲ့ အပင်ပေါင်း သန်း၈၀ ဝန်းကျင် လဲကျခဲ့ပါတယ်။ ( အဲ့ဒီဖြစ်ရပ်ဟာ မီဂါတန် ၁၀၀၀ ဗုံးကျဲချ လိုက်သလိုပါပဲတဲ့။ )

image