7 w - Translate

#ပြည်တွင်းသတင်း
◼သဘာဝဘေးကျရောက်ပါက ကူညီဆောင်ရွက်ရန် အမိန့်စောင့်ဆိုင်းရန်မလိုဟု ကရင်ပြည်နယ်ဝန်ကြီးချုပ်ပြော
သဘာဝဘေအန္တရာယ်ကျရောက်လာပါက အမြန်ဆုံးတုံ့ပြန်ကူညီဆောင်ရွက်ရန် အမိန့်တစ်စုံတရာစောင့်ဆိုင်းနေရန်မလိုကြောင်း နစက၏ကရင်ပြည်နယ်သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုအဖွဲ့ ဥက္ကဋ္ဌ၊ ကရင်ပြည်နယ်ဝန်ကြီးချုပ်ဦးစောမြင့်ဦးက ပြောသည်။
ကရင်ပြည်နယ်အတွင်းရေကြီး/ရေလျှံမှုနှင့်ကမ်းပြို၊ မြေပြိုမှုများ နှစ်စဉ်ကြုံတွေ့ရလေ့ရှိပြီး အရေးပေါ်တုံ့ပြန်ဆောင်ရွက်နိုင်ရေးနှင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းများဆောင်ရွက်နိုင်ရန် ကြိုတင်ပြင်ဆင်စီမံထားကြရမည်ဖြစ်ကာ သဘာဝဘေးကျရောက်လာပါက အမိန့်စောင့်ဆိုင်းနေရန်မလိုဘဲ အမြန်ဆုံး ကူညီဆောင်ရွက်ရမည်ဟု ၎င်းက ယမန်နေ့(မေ ၁၄ ရက်) နံနက်ပိုင်းက ပြည်နယ်သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုအဖွဲ့နှင့် လုပ်ငန်းအဖွဲ့ (၁၂)ဖွဲ့တို့၏ ညှိနှိုင်းအစည်းအဝေးတွင်ပြောဆိုသည်။
"ပြည်နယ်အတွင်းသဘာဝဘေးအန္တရာယ်ဖြစ်ပေါ်လာရင်အတတ်နိုင်ဆုံး ဆုံးရှုံးမှုလျော့နည်း သက်သာစေရေး၊ ဘေးအန္တရာယ်မကျရောက်မီ ကြိုတင်ပြင်ဆင်ကာကွယ်နိုင်ရေး၊ ဘေးအန္တရာယ် ကျရောက်တဲ့အခါ အရေးပေါ်တုံ့ပြန်ဆောင်ရွက်နိုင်ရေးနဲ့ ကျရောက်ပြီးပါကပြန်လည်ထူထောင်ရေး လုပ်ငန်းတွေဆောင်ရွက်နိုင်ဖို့ အခုကတည်းကကြိုတင်ပြင်ဆင်ပြီး လိုအပ်တဲ့လေ့ကျင့်မှုတွေ ဆောင်ရွက်ထားဖို့လိုအပ်ပါတယ်" ဟု ဆိုသည်။
ထို့ပြင် ယာဉ်၊ ယန္တရားနှင့်အရေးပေါ်ရှာဖွေကယ်ဆယ်ရေးသုံးပစ္စည်းကိရိယာများကို အသင့်ပြင်ဆင် စုဖွဲ့ထားရမည်ဖြစ်ကာ မိုးလေဝသသတင်းများကိုလည်း စဉ်ဆက်မပြတ်ပြည်သူများသိရန်ထုတ်ပြန်ပေး ရမည်ဟုဆက်လက်ပြောဆိုခဲ့သည်။
သတင်း - ပိုင်လေး

image