ဦးနှောက်ကထွက်တဲ့ Brain Signal တွေနဲ့ iPhone သုံးလို့ရတော့မယ် 🫠
.
Apple ကနေ ထူးခြားတဲ့ Accessibility Feature တစ်ခုကို iPhone ၊ iPad နဲ့ Vision Pro လို Device တွေမှာ ထောက်ပံ့ပေးသွားဖို့ စီစဥ်နေပြီဖြစ်ပြီး ဒါကတော့ Mind Control - စိတ် (ဦးနှောက်) ဖြင့် ခိုင်းစေနိုင်တာပဲဖြစ်ပါတယ်။
ဒီလိုမျိုး စိတ်နဲ့ပဲ ဖုန်းသုံးဖို့၊ ဖုန်းကို ခိုင်းဖို့အတွက် Apple ဟာ Synchron ဆိုတဲ့ Neurotechnology Startup ကုမ္ပဏီတစ်ခုနဲ့ ပူးပေါင်းခဲ့တာပါ။ ဒီ Synchron ကုမ္ပဏီက ဘာတွေထုတ်သလဲဆိုတော့ Stentrode လို့ အမည်ပေးထားတဲ့ ဦးနှောက်ထဲက သွေးကြောအတွင်းမှာ ထည့်သွင်း Implant ပြုလုပ်ရတဲ့ Brain-computer Interface (BCI) Device တွေကို ထုတ်လုပ်နေတာဖြစ်ပါတယ်။
အဆိုပါ Stentrode တွေက ဦးနှောက်အတွင်းမှာ ထည့်သွင်းထားရင် Electrode ၁၆ မျိုးကနေတစ်ဆင့် ဦးနှောက်ကထုတ်လွှတ်တဲ့ Neural Signal တွေကို Digital Command အဖြစ်ပြောင်းလဲပြီး Device တွေကို ခိုင်းစေနိုင်မှာပါ။
Synchron ကုမ္ပဏီက ၂၀၁၉ ခုနှစ်ထဲက လက်ရှိအချိန်အထိ Stentrode Brain Implant တွေကို လူ (၁၀) ဦးခန့်ကို ထည့်သွင်းထားပြီးဖြစ်ပြီး အဲ့ထဲက တစ်ဦးက Apple Vision Pro နဲ့ တခြား Apple Device တွေကို စိတ်အတွေးဖြင့် ခိုင်းစေနိုင်တဲ့ စမ်းသပ်မှုတစ်ခုကိုပါ ပြုလုပ်အောင်မြင်ခဲ့ပြီးပြီလို့ သိရပါတယ်။
ဒါကြောင့် Apple ကနေ အဆိုပါ BCI Device တွေ အသုံးပြုနေတဲ့သူတွေကို Accessibility Feature တစ်ခုအနေနဲ့ လာမယ့် ၂၀၂၅ နှစ်ကုန်ပိုင်းမှာ စပြီး တရားဝင် ထောက်ပံ့ပေးသွားဖို့ စီစဥ်နေတာဖြစ်ပါတယ်။
တစ်ခုရှိတာက အခု Synchron ရဲ့ Brain Implant ပြုလုပ်တာက Elon Musk နဲ့ Neuralink လိုမျိုးနဲ့ မတူပဲ Neuralink လိုမျိုး Electrode တွေ ၁,၀၀၀ ကျော်ပါဝင်ခြင်းမရှိသလို Data Stream ပိုင်းမှာလည်း အကန့်အသတ်ရှိမှာဖြစ်ပါတယ်။ တစ်ဖက်မှာတော့ ထည့်သွင်းဖို့အတွက် Open-brain Surgery ပြုလုပ်စရာမလိုပဲ ထည့်သွင်းနိုင်မယ်လို့ သိရပါတယ်။
Mind Control နဲ့ iPhone သုံးလို့ရတော့မယ်ဆိုပေမယ့် ပုံမှန်အတိုင်းတော့မရသေးဘူးပေါ့
