17 ပတ် - ဘာသာပြန်ပါ။

🧿▪️ #တွေးတယ် တွေးမှန်း သိတယ်"
"#သိတာနဲ့ ရပ်လိုက်ပါ"▪️🧿🧿❝#ရပ်လည်းနိဗ္ဗာန်၊#ပွားလည်းနိဗ္ဗာန်❞?
မြင်တယ် မြင်မှန်း သိတယ်
ကြားတယ် ကြားမှန်း သိတယ် •••
နံတယ် နံမှန်း သိတယ်
စားတယ် စားမှန်း သိတယ် •••
ထိတယ် ထိမှန်း သိတယ်
တွေးတယ် တွေးမှန်း သိတယ် •••
သိတာနဲ့ ရပ်လိုက်ပါ။ ဘရိတ်အုပ်လိုက်ပါ။
မြင်တယ် သိတယ်၊ ပြီးပြီ။ ရပ်လိုက်တော့။
မြင်တယ် ဖြစ်ပျက်ရှု၊ သိတယ် ဖြစ်ပျက်ရှု။
ကြည့်မရတာတို့ ကြည့်ကောင်းတာတို့
လိုချင်တာတို့ မလိုချင်တာတို့ မဆက်ပါစေနဲ့။
အဲ့ဒီနေရာမှာ အပြေးမသန်ပါနဲ့၊
ဘရိတ်ကို အုပ်နိုင်သမျှ အုပ်ထားလိုက်ပါ။
တစ်သံသရာလုံးက ပြေးလာခဲ့တဲ့အပြေးသမားတွေ ဆိုတော့ ထိန်းဖို့တော့ အရမ်းကိုခက်နေလိမ့်ဦးမယ်။
ဘေးလူက ဝင်ဆွဲပေးရင်တောင် ပြေးလာတဲ့အရှိန်နဲ့
ဟတ်ထိုးလဲချင် လဲနိုင်သေးတယ်။
ဒါပေမယ့် ခဏခဏ ထိန်းပေးပါ။
အကျင့်ဆိုတာ ကျင့်ဖန်များရင် ဖြစ်လာပါလိမ့်မယ်။
ပြေးနေတဲ့အရှိန်ကို ထိန်းနိုင်လာပါလိမ့်မယ်။
ဒါဟာ ရပ်တဲ့နည်းပဲ။
ရပ်လိုက်တော့ ••• တဏှာ ဥပါဒါန် ကမ္မဘဝတွေ
မဆက်တော့ဘူးပေါ့။
သတိပညာတွေနဲ့ နှင်ထုတ်နေတဲ့သဘောပဲ။
အပြေးသန်တဲ့လူတွေနဲ့တော့ ဒီတရားက သိပ်မကိုက်လှဘူး။
မြင်တယ် သိတယ်၊ အဲ့ဒီနောက် ခံစားမယ်၊
ကောင်းတယ် မကောင်းဘူး၊ ကောင်းတယ်ဆိုတာသိရင်
အော် ••• ကောင်းတယ် တစ်ချက်မှတ်ပြီး ဖြစ်ပျက်ရှုလိုက်ပါ။
မကောင်းတာဆိုရင်လည်း မကောင်းဘူး
တစ်ချက်မှတ်ပြီး ဖြစ်ပျက်ရှုလိုက်ပါ။
ဒါဟာ ဝေဒနာကို ပွားများရှုမှတ်နေတဲ့သဘော။
ကောင်းတယ်ဆိုတာလည်း ဖြစ်ပျက်ပဲ၊
မကောင်းဘူးဆိုတာလည်း ဖြစ်ပျက်ပဲ။
အပြေးသန်သူတွေအတွက် ပွားရမယ့်ကမ္မဋ္ဌာန်းပဲ။
ကြားတယ် သိတယ်
ခွေးသံပဲဖြစ်ဖြစ် လူသံပဲဖြစ်ဖြစ်
ဘယ်သူ့အသံဖြစ်ဖြစ် မစပ်စုပါနဲ့၊
ဒွါရနဲ့ အာရုံတိုက်လို့ ဖြစ်လာတဲ့အသံပဲဆိုတာ သိလိုက်ပါ၊
အရပ်သမားက ဒီတင်ရပ်လိုက်၊
အပွားသမားက ကောင်းတယ်ဆိုရင် ကောင်းတယ်ဖြစ်ပျက်ရှု
မကောင်းဘူးဆိုရင် မကောင်းဘူးဖြစ်ပျက်ရှု။
ဖဿကိုရှုရှု ဝေဒနာကို ရှုရှု
တဏှာ ဥပါဒါန် မလာရင်၊ ကိလေသာကြားမခိုရင် တစ်ထိုင်တည်းနဲ့လည်း နိဗ္ဗာန်ကို ရနိုင်သလို၊
မနက်အားထုတ်ရင်လည်း ညနေ အရိယာ ဖြစ်နိုင်တယ်။
ညနေအားထုတ်ရင်လည်း မနက် အရိယာ ဖြစ်နိုင်တယ်။
မြင်တယ် သိတယ် မမှတ်လိုက်တာနဲ့
ကိလေသာ ခိုပြီမှတ်ပါ။
တရားအားထုတ်တာ နှစ်ချီနေအောင် ကြာနေပြီ၊
ပါရမီများ လိုနေလို့လား သံသယတွေ ဖြစ်မနေပါနဲ့။
ဝီရိယကြဲနေသေးလို့ ကိလေသာက ကြားခိုလိုက်တော့
မဂ်ကလည်း အရနှေးတော့တာပဲဆိုတာ
သဘောပေါက်ကြပါစေ။
ရှေ့ကဖြစ်ပျက် နောက်က ကိလေသာလုပ်နေကြလို့
ကြာနေကြတာ။
ရှေ့ကဖြစ်ပျက် နောက်က မဂ်(လောကီမဂ္ဂင်)ဆိုရင် လောကုတ္တရာမဂ်ဉာဏ်ဆိုတာ မကြာပါဘူး။
ဒါ့ကြောင့် ရပ်သင့်လျှင် ရပ်၊
မရပ်နိုင်လို့ အရှိန်မထိန်းနိုင်လို့
ပွားမယ်ဆိုရင်လည်း ပွား၊
နှစ်လမ်းစလုံးက နိဗ္ဗာန်ပါပဲ။
(မိုးကုတ်ဆရာတော်ဘုရားကြီး)
လွန်ခဲ့သော၂နှစ်မှပိုစ့်ပါပြန်လည်မျှဝေဒါနပြုပူဇော်ပါတယ်။
Credit: ဦးထွန်းဝင်း
#မူရင်း ရေးသားပူဇော်သူနှင့် အဆင့်ဆင့် မျှဝေသူတို့ကို ဂါရ၀ပြုလျက်..🙏🍁
#မေတ္တာဖြင့် ပြန်လည်မျှဝေဓမ္မဒါနကုသိုလ်ပြုပေးပါသည်။
(ဦးအုန်းမြင့်)🍁🙏🙏🙏✍️

image