ကင်ဆာ ဆဲလ်တွေကို သတ်ပေးနိုင်တဲ့ အလွန်သေးငယ်တဲ့ စက်ရုပ်တွေ လာပြီ
============================================
ကင်ဆာ ရောဂါသည်တွေအတွက် chemotherapy ကုထုံးဟာ ဘေးထွက်ဆိုးကျိုး အလွန်များပြီး ခန္တာကိုယ် တစ်ခုလုံးကို ထိခိုက်စေပါတယ်။ ခန္တာကိုယ်အတွက် အကျိုးပြုတဲ့ ဆဲလ်တွေကိုပါ သတ်လိုက်တာ ဖြစ်ပါတယ်။ အဲဒီအတွက် ပညာရှင်တွေက ဒီထက်ကောင်းတဲ့ ကင်ဆာ ကုထုံးတွေကို တီထွင်နေပါတယ်။
အခုတော့ ဆွီဒင်မှ Karolinska Institutet မှ သိပ္ပံပညာရှင်တွေက အကျိုးပြုတဲ့ ဆဲလ်တွေကို မထိခိုက်စေဘဲ ကင်ဆာ ဆဲလ်တွေကို သတ်ပေးနိုင်တဲ့ အလွန်သေးငယ်တဲ့ စက်ရုပ်တွေကို တီထွင်လိုက်ပါတယ်။ အဲဒီ စက်ရုပ်လေးတွေကို စမတ်ကျတဲ့ ဒုံးကျည်အဖြစ် တင်စားထားပြီး ကင်ဆာ အကျိတ်တွေကို တိကျစွာ ဖျက်ဆီးနိုင်ပါတယ်။
ရင်သား ကင်ဆာ ဖြစ်နေတဲ့ ကြွက်တွေထဲကို အဲဒီ စက်ရုပ်တွေကို ထိုးသွင်းကြည့်တဲ့အခါမှာ ကြွက်တွေမှာ ကင်ဆာ အကြိတ်ဟာ ၇၀ ရာခိုင်နှုန်း လျော့ကျသွားပါတယ်။ ဒါဟာ တော်တော် အစွမ်းထက်တဲ့ ကင်ဆာ ကုထုံး ဖြစ်ပါတယ်။ အနာဂတ်မှာ ကင်ဆာ ရောဂါသည်တွေကို ဒီနည်းပညာနဲ့ ထိရောက်စွာ ကုသပေးနိုင်ဖို့ ပညာရှင်တွေက ယုံကြည်ထားကြပါတယ်။
Ref : Tech Explorers
