124 yrs - Translate

အာကာသမှာ နှစ်ပေါင်း ၁၀၀ အသုံးပြုနိုင်တဲ့ ဘက်ထရီကို တီထွင်နေတဲ့ ဂျပန်
===========================================
အာကာသစူးစမ်းလေ့လာရေးအတွက် နှစ်ပေါင်းများစွာ အသုံးခံတဲ့ ဘက်ထရီတွေ လိုအပ်ပါတယ်။ အာကာသရဲ့ ပြင်းထန်တဲ့ ရာသီဥတုဒဏ်ကို ခံနိုင်ဖို့လည်း လိုအပ်ပါတယ်။
အခုတော့ ဂျပန်က အာကာသမှာ နှစ်ပေါင်း ၁၀၀ အသုံးပြုနိုင်တဲ့ ဘက်ထရီကို တီထွင်နေပါတယ်။ အဲဒီ ဘက်ထရီဟာ ပြုပြင်ထိန်းသိမ်းစရာ မလိုဘဲ ကာလရှည်ကြာ အသုံးပြုနိုင်တဲ့အတွက် အာကာသစူးစမ်းလေ့လာရေးမှာ အလွန် အသုံးဝင်လာမှာပါ။
Americium လို့ခေါ်တဲ့ ရေဒီယို သတ္တိကြွ ဒြပ်ထုကိုအသုံးပြုပြီးအဲဒီလိုမျိုး ဘက်ထရီကို တီထွင်မှာ ဖြစ်ပါတယ်။ လပေါ်မှာ အဲဒီ ဘက်ထရီကို အသုံးပြုဖို့ မြင့်မားတဲ့ အပူချိန်ကို ခံနိုင်ရမှာဖြစ်ပါတယ်။ လရဲ့ အပူချိန်ဟာ နေ့ဘက်မှာ ၁၁၀ ဒီဂရီ နဲ့ ညဘက်မှာ ၁၇၀ ဒီဂရီ ရှိပါတယ်။ လပေါ်မှာ နေ့တာ နဲ့ ညတာ ဟာ ၂ ပတ်ကြာမြင့်ပါတယ်။ ဒါ့အပြင် ဘက်ထရီကို အာကာသယာဉ်မှာ တပ်ဆင်နိုင်လောက်အောင် အရွယ်အစား ကျစ်လစ်ပြီး ပေါ့ပါးရမှာ ဖြစ်ပါတယ်။ အာကာသယာဉ်ရဲ့ တုန်ခါမှုကိုလည်း ခံနိုင်အောင် တည်ဆောက်ထားရမှာ ဖြစ်ပါတယ်။
တီထွင်သူ အဖွဲ့ ခေါင်းဆောင် Masahide Takano က စိန်ခေါ်မှုများစွာ ရှိနေပေမယ့် နှစ်ပေါင်း ၁၀၀ အသုံးခံတဲ့ ဘက်ထရီကို အောင်မြင်စွာ တီထွင်နိုင်မယ်လို့ ယုံကြည်ထားပါတယ်။
Ref : Tech Explorers

image