#ပြည်တွင်းသတင်း
◼ထိုင်း-မြန်မာနယ်စပ်၌ ကိုဗစ်ရောဂါစစ်ဆေးမှုများစနစ်တကျလုပ်ဆောင်ရန်လိုအပ်ဟုဆို
ထိုင်းနိုင်ငံတွင်ကိုဗစ်ရောဂါဖြစ်ပွားမှုမြင့်တက်နေသောကြောင့် ထိုင်း-မြန်မာနယ်စပ်ဂိတ်များတွင် ကိုဗစ်ရောဂါစစ်ဆေးမှုများစနစ်တကျပြုလုပ်ရန်လိုအပ်ကြောင်း နယ်စပ်မြို့များတွင်နေထိုင်သူများ ကပြောသည်။
ထိုင်းနိုင်ငံတွင် ယခုနှစ်ဇန်နဝါရီ ၁ ရက် မှမေ ၈ ရက်အထိကိုဗစ်ရောဂါဖြစ်ပွားသူ ၄၁၁၉၇ ဦးရှိခဲ့ပြီး သေဆုံးသူ ၁၅ ဦးရှိခဲ့ကြောင်း၊ ကိုဗစ်ရောဂါဖြစ်ပွားသူအများစုမှာ အသက်(၄) နှစ်အောက်ကလေး အများဆုံးဖြစ်ပြီး သေဆုံးသူအများစုမှာ အသက်(၄၀) နှင့် အသက်(၆၀) ကျော်များဖြစ်ကြောင်း၊ ထိုင်းနိုင်ငံကူးစက်ရောဂါထိန်းချုပ်ရေးဌာန(DDC) ထုတ်ပြန်ထားသည်။
"ကိုယ့်နိုင်ငံမှာဖြစ်တော့ သူတို့ကတံတားပေါ်ရောက်တာနဲ့သေချာစစ်ဆေးတယ်။ အခုသူတို့ဆီမှာ ဖြစ်နေတယ်။ အဲဒီကနေဝင်လာတဲ့တစ်ယောက်သာပါလာရင် ဒေသခံတွေအရင်ကူးခံရမှာ။ ကိုဗစ်ရောဂါကကိုယ်တွေဆီမှာလည်းဖြစ်ခဲ့တယ်။ ဘယ်လောက်အထိ ခက်ခဲတယ်၊ ဘယ်လောက်အထိသေဆုံခဲ့တယ်ဆိုတာအားလုံးအသိပါ။ ပေါ့ဆလိုမရပါဘူး။ ဖြစ်သွားရင် ဘာမှလုပ်လို့မရပါဘူး။ မဖြစ်ခင်ကကြိုတင်ကာကွယ်ဖို့လိုပါတယ်။ လိုအပ်ရင်ဂိတ်တွေပါပိတ်ဖို့လိုပါ တယ်" ဟု မြဝတီမြို့နယ်တွင်နေထိုင်သည့် ဒေသခံတစ်ဦးကပြောသည်။
ထိုင်းနိုင်ငံ၏ကူးစက်ရောဂါထိန်းချုပ်ရေးဌာန(DDC) ၏ခန့်မှန်းချက်အရ လာမည့်မိုးရာသီကာလ စာသင်ကျောင်းများပြန်ဖွင့်ချိန် ကိုဗစ်ကူးစက်မှုပိုမိုမြင့်တက်လာနိုင်ဖွယ်ရှိကြောင်း မေလ ၉ ရက်က ထုတ်ပြန်ထားသည်။
ထိုင်းနိုင်ငံတွင် COVID-19 ရောဂါဖြစ်ပွားနေခြင်းကြောင့် ပြည်သူများအနေဖြင့် အသက်ရှူလမ်းကြောင်း ဆိုင်ရာရောဂါလက္ခဏာပြသူများနှင့် နီးနီးကပ်ကပ်မနေမိစေရန်၊ တစ်ကိုယ်ရည်သန့်ရှင်းမှုကိုထိန်းသိမ်း ရန်၊ နှာခေါင်းစည်းတတ်ဆင်ရန်၊ မကြာခဏလက်ဆေးရန်တို့ကိုထိုင်းနိုင်ငံ၏ကျန်းမာရေးပညာရှင်များက အသိပေးနှိုးဆော်ထားသည်။
သတင်း - ပိုင်လေး
