ဥရုဂွေးသမ္မတဟောင်း Jose Mujica ဟာ အသက် ၉၃ နှစ်အရွယ်မှာ ကွယ်လွန်
*****************
(နိုင်ငံတကာ) မေ ၁၄
ရိုးရှင်းလွန်းပြီး ပကာသနမဖက်တဲ့ ဘ၀နေထိုင်မှုပုံစံနဲ့ နေထိုင်ခဲ့တာကြောင့် ကမ္ဘာ့အဆင်းရဲဆုံးသမ္မတလို ခေါ်ဝေါ်ခံခဲ့ရတဲ့ ဥရုဂွေးသမ္မတဟောင်း Jose Mujica ဟာ အသက် ၉၃ နှစ်အရွယ်မှာ ကွယ်လွန်သွားခဲ့ပြီလို့ သိရပါတယ်။
သူဟာ ၂၀၁၀ ကနေ ၂၀၁၅ အထိ ဥရုဂွေးသမ္မတအဖြစ် တာဝန်ထမ်းဆောင်ခဲ့ပြီး လူလတ်တန်းစားမိသားစုက မွေးဖွားခဲ့သူဖြစ်လည်း ဖြစ်ပါတယ်။
သူ့ရဲ့ ရိုးရှင်းတဲ့နေထိုင်မှုပုံစံကြောင့် ပြည်သူတွေချစ်ခင်သူ တစ်ဦးအဖြစ်နဲ့လည်း ကျော်ကြားခဲ့သူပါလည်း ဖြစ်ပါတယ်။
