124 yrs - Translate

လျှပ်စစ်ကားတွေကို အားသွင်းပေးနိုင်တဲ့ Solar လမ်းတွေကို တီထွင်နေ
========================================
အနာဂတ်မှာ လျှပ်စစ်ကားတွေကို အားသွင်းပေးနိုင်တဲ့ Solar လမ်းတွေ ထွက်ပေါ်လာတော့မှာ ဖြစ်ပါတယ်။
Photovoltaic Cells တွေ ခင်းထားတဲ့ အဲဒီလမ်းတွေပေါ်မှာ လျှပ်စစ်ကားတွေ မောင်းနှင်သွားတာနဲ့ အားသွင်းပေးမှာ ဖြစ်ပါတယ်။ အဲဒီအတွက် လျှပ်စစ်ကား အားသွင်း စတေရှင်တွေကို သွားစရာ မလိုတော့ပါဘူး။ အားသွင်းကြိုးတွေ ၊ အားသွင်းစက်တွေနဲ့ အားသွင်းစရာ မလိုတော့ပါဘူး။
ဒီ ခေတ်ရှေ့ပြေး နည်းပညာဟာ ကားလမ်းတွေကို သန့်ရှင်းတဲ့ စွမ်းအင် ထုတ်လုပ်တဲ့ နေရာ အဖြစ် အသွင်ပြောင်းပေးနိုင်ပါတယ်။ အထူးသဖြင့် အဝေးပြေးလမ်းတွေမှာ ကားမောင်းရင် အလွန် အသုံးဝင်ပါတယ်။ လမ်းခုလတ်မှာ ကားကို အားသွင်းစရာ မလိုတော့ဘဲ လိုရာခရီးကို ဖြောင့်ဖြောင့်တန်းတန်း သွားနိုင်မှာ ဖြစ်ပါတယ်။
ဒီနည်းပညာဟာ လက်ရှိမှာ အစောပိုင်း အဆင့်မှာပဲ ရှိသေးပြီး အောင်မြင်သွားရင် အနာဂတ် သယ်ယူပို့ဆောင်ရေး စနစ်ကို ပြောင်းလဲသွားစေမှာ ဖြစ်ပါတယ်။
Ref : Unbox Factory

image