လူ့ဘဝက သိပ်တိုတယ် ။ နေ့မြင် ညပျောက်တဲ့ ခေတ်မှာ ဘယ်သူ့အတွက်နဲ့မှ ကိုယ့်စိတ်ကို ပင်ပန်းစွာ မရှင်သန်ပါနဲ့ ။ကိုယ့် စိတ်ကို မနှိပ်စက်ပါနဲ့ ။ လောကကြီးထဲမှာ ကိုယ်တို့ ထိန်းချုပ်နိုင်တဲ့အရာ မရှိပါဘူး ။ ရုပ်ရည်အိုမင်းလာခြင်း ၊ မကျန်းမာခြင်း ၊ ကိုယ့်ကို အမြဲချစ်နေစေဖို့ စသဖြင့်ပေါ့ ။ ကိုယ်တို့ မထိန်းချုပ်နိုင်တဲ့ အချက်တွေ အများကြီး ရှိနေ ပါသေးတယ် ။ မထိန်းချုပ်နိုင်တဲ့အပြင် အရာအားလုံးဟာ သင်္ခါရသဘော တရားတွေသာ ဖြစ်ပါတယ် ။
Nothing lasts forever. နေ့ရက်တိုင်းကို မပျော်မရွှင် ကုန်ဆုံးသွားတာ အင်မတန်မှ နှမြောစရာ ကောင်းပါတယ် ။ နေ့ရက်တိုင်း ဘဝအတွက် ရုန်းကန်နေရတယ် ။ စားဝတ်နေရေး ၊ ငွေရေးကြေးရေး ၊ စီးပွားရေး ၊ လူမှုရေး တာဝန်တွေများစွာ ခေါင်းပေါ် ထမ်းထားရတဲ့အခါ လူဟာ ပြုံးရယ်ဖို့ တောင် မေ့လာတယ် ။ ပျော်ပျော်နေဖို့ မေ့လာတယ် ။ ရှင်သန်နေတဲ့အဓိပ္ပာယ်ကို မေ့လာတယ် ။ ဘာအတွက် ရှင်သန်နေလဲပေါ့ ။
ဘဝဟာ အစကတည်းက ခက်ခဲနေပြီးသားမို့ ဒီထက် ပိုပြီး ပင်ပန်းစွာ မရှင်သန်ပါနဲ့ ။ အတတ်နိုင်ဆုံး ပေါ့ပေါ့ပါးပါး အေးအေးချမ်းချမ်းလေး ရှင်သန်ကြမယ် ။ ငေးငိုင်နေတဲ့ ကိုယ့်မျက်နှာလေး တစ်ဖန်ပြုံးလာဖို့ ကိုယ့်မှာ တာဝန် ရှိပါတယ် ။ ပျော်ရွှင်စွာနေဖို့ ကိုယ့်မှာ တာဝန်ရှိပါတယ် ။ Living With Peace. ငြိမ်းချမ်းခြင်းနဲ့ နေထိုင်တတ်ပါစေကွယ် ။
#နူးနူးအောင်
