#ယနေ့ထုတ်သတင်းစာ_နိုင်ငံတကာသတင်း
◼ ရုရှား-ယူကရိန်း ဆွေးနွေးပွဲတွင် ပါဝင်ပေးနိုင်ကြောင်း ဒေါ်နယ်ထရန့်ကမ်းလှမ်း
တူရကီနိုင်ငံ၌ကျင်းပရန် ရုရှားနိုင်ငံက အဆိုပြုထားသော ရုရှား-ယူကရိန်း တိုက်ရိုက်ဆွေးနွေးပွဲ၌ မိမိအနေဖြင့်ပူးပေါင်းပါဝင်ပေးနိုင်ကြောင်း အမေရိကန်သမ္မတဒေါ်နယ်ထရန့်က မေ ၁၂ ရက်တွင် ကမ်းလှမ်းလိုက်သည်။
ရုရှား-ယူကရိန်းတိုက်ရိုက်ဆွေးနွေးပွဲ၌ ပူးပေါင်းပါဝင်ပေးနိုင်ကြောင်း အဆိုပြုချက်ကိုအမေရိကန်သမ္မတ ဒေါ်နယ်ထရန့်က အရှေ့အလယ်ပိုင်းဒေသခရီးစဉ်မစတင်မီကမ်းလှမ်းခဲ့ခြင်း ဖြစ်သည်။
ယူကရိန်းစစ်ပွဲကိုအဆုံးသတ်ရေးအတွက် မေ ၁၅ ရက်တွင် တူရကီနိုင်ငံ အစ္စတန်ဘူလ်မြို့တော်၌ ရုရှား-ယူကရိန်း တိုက်ရိုက်ဆွေးနွေးပွဲ ကျင်းပရန် ရုရှားသမ္မတပူတင်ကမေ ၁ဝ ရက်တွင် အဆိုပြုထားသည်။
ယင်းအဆိုပြုချက်ကို အမေရိကန်သမ္မတဒေါ်နယ်ထရန့်က ကြိုဆိုခဲ့ပြီး အချိန်မဆိုင်းဘဲအဆိုပြုချက်ကို လက်ခံရန်လည်း ယူကရိန်းသမ္မတဇီလန်စကီးကို တိုက်တွန်းထားသည်။
မိမိအနေဖြင့်ရုရှား-ယူကရိန်းတိုက်ရိုက်ဆွေးနွေးပွဲ၌ ပါဝင်ရေးအတွက် တူရကီနိုင်ငံအစ္စတန်ဘူလ်မြို့သို့ သွားရောက်နိုင်ခြေရှိကြောင်း အရှေ့အလယ်ပိုင်းခရီးစဉ်မစတင်မီဒေါ်နယ်ထရန့် က ပြောကြားခဲ့သည်။
အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်သည် သမ္မတရာထူး ဒုတိယအကြိမ် ရယူခဲ့ပြီးနောက်ပိုင်းယူကရိန်းစစ်ပွဲကို အဆုံးသတ်နိုင်ရေးအတွက် သံတမန်ရေးအရစတင်ကြိုးပမ်းခဲ့ပြီး ရုရှားအစိုးရနှင့် လည်းထိတွေ့ဆက်ဆံမှုများ ပိုမိုပြုလုပ်လာခဲ့သည်။
ရိုက်တာ

image