7 w - Translate

ဒေါ်လာ (၄) သိန်းတန် Ferrari အား မီးလောင်ကျွမ်းစေခဲ့သူ
" ဒီဘဲ ရူးနေသလား " ဆိုတာ Cody_ကိုဒီ (Whistlin Diesel) ရဲ့ ကားတွေကို အကြမ်းမောင်းပြ၊ ဖျက်ဆီးပြနေတဲ့ TikTok (ဒါမှမဟုတ်) Youtube shorts တွေ ကိုယ့်ဖုန်းရဲ့ fyp မှာ တက်လာတိုင်း
စိတ်ထဲကနေ ရေရွတ်ပြီး မေးဖြစ်တဲ့ မေးခွန်းတစ်ခုပါ။ ဘာလို့ ဒါတွေ လုပ်နေတာလဲ၊ ရူးများနေသလား စသဖြင့်ပေါ့။ အကြောင်းအရာလေး မစခင်မှာ woke ဖြစ်ပြီးသား လူများ cmt မှာ မဘလိမ်းခင် ကြိုပြောချင်တာ ဒီ content ခေါင်းစဉ်ကို ကျွန်တော်အစက နည်းနည်းယဉ်ကျေးလိုက်မလို့ပါဘဲ၊ "ဘာလို့လဲ" "ဒီလူက ဘယ်သူလဲ" ဆိုပြီး၊ ဒါပေမယ့်လို့ ကျွန်တော်တို့ အားလုံးနေနေတဲ့ လက်တွေ့ကမ္ဘာမှာက age-restriction filter မပါတာမလို့ အရှိကို အရှိတိုင်း စိတ်ထဲက တကယ်ဖြစ်လာတဲ့ မေးခွန်းကို ကောက်ထည့်ထားတာပါ။ ကိုဒီအနေနှင့် သူ့ကိုယ်ပိုင်ငွေနဲ့ သူဝယ်ထားပြီး၊ သူလုပ်ချင်သလို လုပ်ထားတဲ့ ကားကို ဝေဖန်ပုတ်ခတ်ချင်တာမျိုး မဟုတ်ပါဘူး။ Who am I to judge him? So, let us begin our article!
ဆိုတော့ကာ ဒီလူက ဘယ်သူလဲ? သူက ဘာကြောင့် သူများတကာရဲ့ အိပ်မက်ကားတွေကို အခုလိုဘဲ ဖြစ်ချင်သလို မောင်းပြနေရတာလဲ? ဒီမေးခွန်းများရဲ့ အဖြေကိုတော့ ကျွန်တော်လည်း အတိအကျ မဖော်ပြတတ်ပါဘူး။ ဒါပေမယ့် သေချာကတော့ သူက ကျွန်တော်တို့ ထင်သလို ရူးနေသူ မဟုတ်ပါဘူး၊ ကားတွေအပေါ် ခံစားပုံ၊ enjoy ဖြစ်ပုံချင်း အနေအထားမတူလို့ပါ။ ဥပမာပြောရရင်ဗျာ၊ ကျွန်တော်ကိုယ်တိုင်ဆိုရင် အစပ်ကြိုက်ပေမယ့် ရခိုင်မုန့်တီနှင့် မုန့်ဟင်းခါးက အစပ်မျိုးဘဲ ခံနိုင်ရည်ရှိတယ်၊ အဲ့လိုမျိုး စပ်တာဘဲ ကြိုက်တယ်၊ ဒါပေမယ့် တချို့ကျတော့ ကိုရီးယားခေါက်ဆွဲအစပ်လိုမျိုး အပေါ့၊ အငံ၊ အချို၊ အချဉ် ရသာမျိုးတွေ များများစားစားမဟုတ်ဘဲ နှုတ်ခမ်းနှင့် လျှာ (၂) ခုလုံး ပူပြီး လောင်မြိုက်နေတဲ့ အပူအစပ်ချည်းဘဲ အသားပေးသော Extremely Spicy ဖြစ်တာကို ကြိုက်တယ်၊ စားလည်း စားနိုင်ကြတယ်။ ဒီသဘောပါ။ WhistlinDiesel ကိုဒီရဲ့ ကားတွေအပေါ် ထားတဲ့ အမြင်နှင့် သူ့လုပ်ရပ်တွေက တကယ်တမ်းတော့ လူအများစုအတွက် နဂိုခံယူထားပြီးသား "ဒီကားဆိုရင် အလှထိုင်ကြည့်နေမယ်" "ပွဲလမ်းတစ်ခုခုတက်မှ ထုတ်စီးမယ်" "လမ်းကြမ်းရင်တော့ မမောင်းတော့ဘူးကွာ" ဆိုတဲ့ ordinary thoughts တွေကို ချိုးဖောက်ပြီး သူစိတ်ပျော်ရာမျိုးကို ယုံကြည်ချက်အပြည့်နှင့် လုပ်ချင်တာ လုပ်နေသူပါ။ မည်သူတစ်ဦးတစ်ယောက်မှရဲ့ ပုဂ္ဂိုလ်စွဲ အယူအဆတွေကို "ကားဆိုတာ ဒါမျိုးမောင်းရတယ်" ဆိုပြီး စော်ကားပြနေတာမျိုးလည်း မဟုတ်ပါဘူး။ He is just enjoying his own life, that's all ပါဘဲဗျ။

image