Japanese Touch မှခွဲထွက်သွားစေမယ့် Supra Bodykit
BMW Z4 ရဲ့ အဖေတူအမေကွဲ ညီနောင်ဖြစ်သော Toyota Mk5 Supra ဟာဆိုရင် Automotive လောကအတွင်းမှာ အငြင်းပွားဖွယ်များစွာ၊ အမှတ်တရများစွာနှင့် သုံးသပ်ချက်များစွာ ဖြစ်ပေါ်စေခဲ့တဲ့ Modern Toyota Sports-car ဖြစ်ပါတယ်။
ဂျာမန်သွေးများစွာ နှောထားသော်လည်း Toyota တစ်စီးဖြစ်နေသေးသည့်အတွက် အမျိုးမျိုး tuning လုပ်စီးမည့်သူတွေ၊ BMW ရဲ့ B58 အင်ဂျင်အတွက် tuning-parts များ ပေါများလာသည့်အပြင် LBWK နှင့် HKS တို့ကလည်း Widebody Kit များ Auto Show များမှ မိတ်ဆက်ခဲ့ခြင်းကြောင့် တစ်ဖြည်းဖြည်းနှင့် Supra fan-base ပြန်များလာတယ်ဗျ။
သေချာတာပေါ့၊ ဘယ် ဘော်ဒီကစ်ပြောင်းတပ်တပ်၊ ဘယ်သူ့ kit မှန်း အတိအကျခွဲမရအောင် Mk5 Bodykit များဟာ ခပ်ဆင်ဆင်လေးတွေချည်းပါ။ ဒါပေမယ့်လို့ ဒီကနေ့ တင်ဆက်ပေးမယ့် Zacoe Mk5 Supra: 𝗟𝗮𝗻𝗱 𝗦𝗵𝗮𝗿𝗸 Bodykit ကတော့ မြင်တွေ့နေကျနှင့် မတူပါဘူး။ ရှေ့ရုပ်ကတော့ တခြားဘော်ဒီကစ်များနှင့် အားလုံးဆင်တူဘဲ ဆိုပေမယ့် overall သွားထားတဲ့ ဒီဇိုင်းကိုကြည့်မယ်ဆိုရင် Aston Martin AMR မော်ဒယ်များလို ခပ်ကားကားဖြစ်နေတာကို သတိထားမိမှာပါ။ ကဲ ဒါဆို ပြောနေတာကြာပါတယ်၊ တစ်ချက်ကြည့်လိုက်ရအောင်!
