7 w - Translate

Beddua: The Curse 2018
**
အထက်တန်းကျောင်းတုန်းက သူငယ်ချင်းမလေး
လေးယောက်သား ကျောင်းပြီးသွားပြီး
နှစ်ပေါင်းများစွာအကြာမှာ ဘဝကိုယ်စီနဲ့
တစ်ယောက်တစ်နေရာစီ ရောက်နေကြတာပေါ့။

ဒါပေမယ့် အတိတ်က အိပ်မက်ဆိုးကြီးတစ်ခုက
သူတိုကို အတူတူပြန်တွေ့ကြဖို အကြောင်းဖန်
လာပါတယ်။

အဲဒါကတော့ သူတိုလေးယောက်ထဲက
အထက်တန်းတုန်းက အကြောသေသွားခဲ့တယ့်
"မယ်လက်ခ်" ဆိုတဲ့ကောင်မလေးနဲ့
သက်ဆိုင်နေပါတယ်။

မယ်လက်ခ် တစ်ယောက် ဒီလိုအကြောသေသွားတာနဲ့ပတ်သက်ပြီး သူတိုရွာကစုန်းမကြီးတစ်ယောက်ကြောင့်ဆိုတာကလွဲပြီး ကျန်တဲ့အကြောင်းအကျိုးတွေကို
တော့ ဘယ်သူမှမသိကြပါဘူး။

မယ်လက်ခ်တစ်ယောက် ဘာကြောင့်အဲဒီလို
ဆိုးဝါးတဲ့ဝေဒနာတွေကို ခံစားနေရရှာတာလဲ၊
အဲဒီအဖြစ်ဆိုးကြီးက ကျန်တဲ့သူငယ်ချင်းသုံးယောက်အပေါ်မှာရော ဘယ်လိုသက်ရောက်မှုတွေ
ဆက်ရှိလာမလဲ

စတာတွေကို ခြောက်ခြားဖွယ်ရာ ရှုစားရမယ့်
ဇာတ်ကားလေးမို အားလုံးကြိုက်ကြမယ်လို
ထင်ပါတယ်။

image