နည်းပြဟန်ဆီဖလစ် လက်ထက်မှာ တိုးတက်လာတဲ့ ကစားသမားတွေ ဘာဆာမှာ အများကြီးရှိတယ်။ ဒီထဲမှာ ရာဖင်ညာက အထွန်းတောက်ဆုံးဆိုရင် အဲရစ်ဂါစီယာကတော့ Underrated အဖြစ်ဆုံးလို့ပြောရမယ်။
အရံဘဝကို မငြီးမငြူဘဲနဲ့ နောက်တန်း၊ ကွင်းလယ် နေရာစုံအကစားပေးတယ်။ ကွင်းလယ်ခံစစ်လည်းရသလို RB အစွန်ကိုလည်း ထွက်ကစားပေးတယ်။ အမှန်ဆိုရင် ဒီကစားသမားက ပြီးခဲ့တဲ့ဇန်နဝါရီမှာ ရောင်းထုတ်ခံရမယ့် ကစားသမားပါ။
ဒါပေမယ့် ဟန်ဆီဖလစ်က မရောင်းခဲ့ဘူး။ ဒီဆုံးဖြတ်ချက်က မှန်ခဲ့တယ်။ ဂါစီယာအတော်ကြီး တိုးတက်လာတာလည်း မြင်ရတယ်။ အကျိုးလည်းပြုတယ်။ ဘာဆာတို့ ဟန်ဆီဖလစ်ရဲ့စကားကို နားထောင်ခဲ့တာ တကယ်မှန်ခဲ့တယ်။

image