ဘရူနိုဖာနန်ဒက်စ်ကို ဒီနှစ်နွေဈေးကွက်မှာတော့ အရပိုင်ချင်နေတဲ့ အယ်လ်ဟီလယ်အသင်းကတော့ ကစားသမားဖြစ်သူရဲ့ ကိုယ်စာလှယ်ဖြစ်သူနဲ့ ဆွေးနွေးမှုတွေ ပြုလုပ်နေပြီးတော့ အခုတစ်ပတ်အတွင်း ဆွေးနွေးမှုတွေ ထပ်လုပ်ဖို့ပြင်နေတယ်။
လာမယ့်ကလပ်ကမ္ဘာ့ဖလားပြိုင်ပွဲအတွက် ဘရူနိုကို လိုအပ်နေတဲ့အခြေအနေမို့ အယ်လ်ဟီလယ်က ငွေပုံပေးမှာလည်းဖြစ်သလို စဉ်းစားချိန်ဆိုတာလည်း တစ်ပတ်ပဲပေးသွားမယ်ဆိုပြီး အထက်စီးကနေ ကမ်းလှမ်းနေတာပါ။
ပြီးခဲ့တဲ့နွေရာသီမှာဆိုရင်လည်း အယ်လ်ဟီလယ်က ဘရူနိုကိုရဖို့အတွက် ကြိုးစားခဲ့ဖူးပြီးတော့ ၂၀၂၆ ကမ္ဘာ့ဖလားပြိုင်ပွဲပြီးသည်အထိ ယူနိုက်တက်အသင်းဆီမှာ ဆက်နေချင်သေးတယ်ဆိုပြီးတော့ ငြင်းဆိုထားခဲ့တာ ဖြစ်ပါတယ်။
