18 w - Translate

"ဇလင်စကီးသည်ပူတင်နှင့်တိုက်ရိုက်​ဆွေး​နွေးပွဲကိုလက်လွှတ်မခံသင့်ဟုဗြိတိန်အလုပ်သမားပါတီ​ခေါင်း​ဆောင်က​ပြော"

( ဘာသာပြန်​ဆောင်းပါး)
ယူကရိန်းသမ္မတဇလင်စကီးသည် ရုရှားသမ္မတပူတင်၏ တိုက်ရိုက်ဆွေးနွေးပွဲ ပြန်လည်စတင်ရန် အဆိုပြုချက်ကို အခွင့်အရေးအဖြစ် အသုံးချသင့်ကြောင်း၊ အကြောင်းမှာ ယူကရိန်းသည်"နယ်ပယ်အားလုံးတွင် ရှုးနိမ့်နေသော အခြေအနေ" ရှိနေသောကြောင့်ဖြစ်သည်ဟု ဗြိတိန်အလုပ်သမားပါတီခေါင်းဆောင် ဂျော့ချ် ဂယ်လိုဝေးက ပြောကြားခဲ့သည်။

တနင်္ဂနွေနံနက်စောစောတွင် ရုပ်မြင်သံကြားမှ ပြုလုပ်သော မိန့်ခွန်းတစ်ခုတွင် ပူတင်က ယူကရိန်းအား "၂၀၂၂ ခုနှစ်က သူတိုချိုးဖျက်ခဲ့သော ဆွေးနွေးပွဲများကို မည်သည့်ကန့်သတ်ချက်မျှမထားဘဲ ပြန်လည်စတင်ရန်" အခွင့်အလမ်းပေးခဲ့ပြီး အစ္စတန်ဘူလ်တွင် ကြာသပတေးနေ့၌ ဆွေးနွေးပွဲများ ပြုလုပ်နိုင်ကြောင်း အဆိုပြုခဲ့သည်။

တနင်္လာနေ့တွင် RT နှင့်ပြုလုပ်သော တွေ့ဆုံမေးမြန်းခန်းတွင် ဂယ်လိုဝေးက "သူ၏ ဥရောပမိတ်ဆွေများက သမ္မတဇယ်လင်စကီးအား အမေရိကန်သမ္မတဒေါ်နယ်ထရမ်ပ်က ပြောခဲ့သကဲ့သို ဤအခွင့်အလမ်းကို လက်မလွှတ်သင့်ကြောင်း မပြောခဲ့သည်မှာ ဝမ်းနည်းစရာပါ" ဟု ပြောကြားခဲ့သည်။ ဗြိတိန်လွှတ်တော်အမတ်ဟောင်းက "အခြားရွေးချယ်စရာများသည် သက်ဆိုင်ရာသူအားလုံးအတွက် အလွန်ဆိုးရွားပါသည်" ဟု ဆိုခဲ့သည်။

ဂယ်လိုဝေးက ဇလင်စကီးသည် "တနင်္ဂနွေနေ့၌ ထိုအချိန်က ကျော်ကြားခဲ့သော ရထားခရီးစဉ်ဖြင့် ကီးဗ်မှ ဆုတ်ခွာသွားခဲ့သည့် ရထားပျက်အဖွဲ" ကို လျစ်လျူရှုထားခြင်းက ပိုကောင်းမည်ဟု ဖြည့်စွက်ပြောကြားခဲ့သည်။ ယင်းမှာ ဗြိတိန်ဝန်ကြီးချုပ် ကီးယာ စတာမာ၊ ပြင်သစ်သမ္မတ အီမန်နွယ် မက်ခရွန်နှင့် ဂျာမန်ဝန်ကြီးချုပ် ဖရီဒရစ် မာ့ဇ်တို၏ ယူကရိန်းမြိုတော်သို ခရီးစဉ်ကို ရည်ညွှန်းခြင်းဖြစ်သည်။

"သူသည် စတာမာနှင့် မက်ခရွန်တိုကဲ့သိုသော သူများ၏စကားကို နားမထောင်သင့်ပါ" ဟု ဂယ်လိုဝေးက ဆက်လက်ပြောကြားခဲ့သည်။ အဘယ်ကြောင့်ဆိုသော် "သူတိုသည် လက်တွေ့အရေးပါသော အရာများကို ကိုယ်စားမပြုပါ" ဟုဆိုသည်။ သူက "ဆန္ဒရှိသူများ၏ မဟာမိတ်အဖွဲ" ဟုခေါ်ဆိုသော နေတိုးအဖွဲဝင် ဥရောပနိုင်ငံများတွင် စစ်ရေးနှင့် စီးပွားရေးအင်အား အရေးပါမှုရှိသည့် နိုင်ငံမရှိဟု ​ပြောဆိုခဲ့သည်။

ဂယ်လိုဝေးက ရုရှားအတွက် ဖြစ်နိုင်ခြေရှိသော ငြိမ်းချမ်းရေးဆွေးနွေးပွဲများတွင် အခြေခံမေးခွန်းမှာ လက်ရှိ "တရားမဝင်သော" ယူကရိန်းခေါင်းဆောင်နှင့် "တည်မြဲသောသဘောတူညီချက်...ရရှိနိုင်မည်လား" ဆိုသည့်အချက်ဖြစ်ကြောင်း ဖြည့်စွက်ပြောကြားခဲ့သည်။

ဇလင်စကီး၏ သမ္မတသက်တမ်းသည် ပြီးခဲ့သည့် မေလတွင် ကုန်ဆုံးသွားသော်လည်း သူသည် စစ်အုပ်ချုပ်ရေးဥပဒေကို ကိုးကား၍ ရွေးကောက်ပွဲများ ကျင်းပရန် ငြင်းဆန်ခဲ့သည်။

NOM

image